ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်မြတ်၌ တန်ဆောင်တိုင်ပွဲတော်ကာလတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့သလို ပြည်သူ့ရင်ပြင်တွင်လည်း မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်းတို့ဖြင့် တန်ဆောင်တိုင်ပွဲတော် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ ယခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဆွမ်းကပ်လှူခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် သစ်သီးဝလံပန်းမန်များ ကပ်လှူပူဇော်ခြင်း...
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေ၌ ကျင်းပခဲ့သည်။ အဆိုပါမသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲတွင် ဘာသာရေးအသင်းအဖွဲ့များက ယှဉ်ပြိုင်ရက်လုပ်ကြပြီး ရရှိလာသည့်...
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ မတ် ၂၄ ရက် တပေါင်းလပြည့်ည အခါသမယတွင် ရွှေတိဂုံစေတီတော်မြတ်ရင်ပြင်ပေါ်တွင် ဘုရားဖူး ပြည်သူအများအပြား မြင်တွေ့ရသည်။ ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို မတ် ၁၅ ရက်မှစတင်ကာ ကျင်းပခဲ့ပြီး ယင်းတပေါင်းပွဲတော်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း...
ရန်ကုန်၊မေ ၁၄ ရက်(ဆင်ဟွာ) လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၃၉ ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းပူဇော်ပွဲအားမေ၁၄ရက်နေ့၌ ကျင်းပခဲ့ကြောင်းရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူ ဦးခင်မောင်ဌေးက ဆင်ဟွာသို့ ယနေ့မေ ၁၄ ရက် တွင်ပြောသည်။ ဦးခင်မောင်ဌေးက “မနက်ကတော့သစ်သီးဆွမ်းနဲ့ဘုရားကိုအာရုံဆွမ်းကပ်တယ်။ဘုရားကြီးကို ဘုရားဝေယျာဝစ္စအသင်းတွေနဲ့ပူးပေါင်းကာတစ်ပတ်ရစ်ပြီးလှည့်လည်ပူဇော်တယ်။ဘာသာရေးအသင်းအဖွဲ့တွေက ကဆုန်ညောင်ရေသွန်းအိုးလေးတွေကိုင်ပြီးလှည့်လည်ပူဇော်ခဲ့ပါတယ်။ အခမ်းအနားကျင်းပမယ့်မဟာဗောဓိညောင်ပင်ကိုစုရုံးရောက်ရှိတယ်။ဩဝါဒါစရိယဆရာတော်ကြီး၁၁ပါးကို သီးခြားပင့်ဖိတ်ပြီး အာရုံဆွမ်းကပ်တယ်။ အာရုံဆွမ်းကပ်ပြီးတော့မှ ဩဝါဒါစရိယဆရာတော်ကြီးများကိုမဟာဗောဓိညောင်ပင်ကိုပင့်တယ်။အဲဒီ မှာအနေကဇာတင်တယ်။...
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းတော်ကပ်ရာတွင် ရွှေစင်ပြားများကို ရာနှုန်းပြည့်မီ ရွှေပြားများဖြင့် ကပ်လှူပူဇော်ပေးလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်ကပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်မြတ်သို့ ယခုနှစ် ကိုးလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် လေးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။