ကွမ်ကျိုး ၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က လေတပ်အတွက် ၂ဝ၁၉ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ အမျိုးသမီးသင်တန်းသူ (တိုက်လေယာဉ်မောင်း) ၄ဝ ဦးကို ခေါ်ယူလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း တပ်သားသစ်စုဆောင်းရေးဗျူရို၏ ပြောကြားချက်အရသိရသည်။
ကွမ်ကျိုး၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုး ပြည်နယ် လေတပ် စစ်ရေး လေ့ကျင့်သည့် ဧရိယာအတွင်း၌ တရုတ်လေတပ်မှ စစ်လေယာဉ် အမျိုးအစားစုံ ပါဝင်သော စစ်ရေး လေ့ကျင့်မှု တစ်ရပ်ပြုခဲ့ကြောင်း ပြောရေး ဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂ ရက်နေ့က ပြောသည်။