Connect with us

Politics, Law & Military

တရုတ် လေတပ် စစ်ရေး လေ့ကျင့်မှု ပြုလုပ်


ကွမ်ကျိုး၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုး ပြည်နယ် လေတပ် စစ်ရေး လေ့ကျင့်သည့် ဧရိယာအတွင်း၌ တရုတ်လေတပ်မှ စစ်လေယာဉ် အမျိုးအစားစုံ ပါဝင်သော စစ်ရေး လေ့ကျင့်မှု တစ်ရပ်ပြုခဲ့ကြောင်း ပြောရေး ဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂ ရက်နေ့က ပြောသည်။

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် (PLAAF) ၏ ပြောရေး ဆိုခွင့်ရှိသူ စိန်ကျင်းခဲက လေတပ်နှင့် ရေတပ်မှ လေယာဉ်မှူးများလည်း ယခု စစ်ရေးလေ့ကျင့်ပွဲတွင် ပါဝင်ကြပြီး တပ်သားများ၏ တကယ့် စွမ်းရည် အမှန်များအား စမ်းသပ် မြှင့်တင်သည့် အနေဖြင့် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ လေတပ်မှ စစ်လေယာဉ်များ စစ်ရေး လေ့ကျင့်နေစဉ် (ဆင်ဟွာ)

စစ်ရေးပြပွဲတွင် တိုက်လေယာဉ်များ၊ ဗုံးကျဲ လေယာဉ်များ၊ ရှေ့ပြေး သတိပေး လေယာဉ်များ၊ ကင်းထောက် လေယာဉ်နှင့် ရဟတ်ယာဉ်များ ပါဝင်ကြောင်း စိန်က ပြောကြားခဲ့သော်လည်း ပြုလုပ်သည့် နေရာနှင့် မည်မျှကြာအောင် လုပ်ဆောင်ခဲ့သည်ကမှု အသေးစိတ် ပြောကြားထားခြင်းမရှိပေ။

“ဒီလို စုစည်း စစ်ရေး လေ့ကျင့်မှုတွေဟာ နိုင်ငံတိုင်းရဲ့ စစ်တပ်တွေအတွက် အခြေခံလေ့ကျင့်မှု တစ်ရပ်ပါ၊ တရုတ်စစ်တပ် အနေနဲ့လဲ ပုံမှန် လေ့ကျင့်မှုတွေကို နှစ်စဉ်ပြုလုပ်ပြီး အမျိုးမျိုးသော လုံခြုံရေး ခြိမ်းခြောက်မှု တွေကို ကိုင်တွယ်ဖြေရှင်းဖို့ နဲ့ အမျိုးသားရေး အချုပ်အခြာနဲ့ လုံခြုံရေးကို ကာကွယ်ရန် စတာတွေ အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ် တယ်” ဟု စိန်က ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117