Connect with us

North America

အော့ကလန်ဟိုးမားပြည်နယ်အနောက်တောင်ပိုင်း၌ အမေရိကန်စစ်လေယာဉ်တစ်စင်းပျက်ကျ

အမေရိကန်လေတပ်မှ T-6 Texan II အမျိုးအစား လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ မေ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အော့ကလန်ဟိုးမားပြည်နယ်၌ မေ ၁ ရက်တွင် အမေရိကန်စစ်လေယာဉ်တစ်စင်းပျက်ကျသွားခဲ့ကြောင်း နှင့် လေယာဉ်မှူးများမှာ ဘေးကင်းစွာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို ့မှ အနောက်မြောက်ဘက် ၆၂ဝ ကီလိုမီတာအကွာတွင်တည်ရှိသော Sheppard လေတပ်အခြေစိုက်စခန်းမှ T-6 Texan II အမျိုးအစား စစ်လေယာဉ်တစ်စင်းသည် Sheppard လေတပ်အခြေစိုက်စခန်းမှ မွန်းလွဲ ၂ နာရီတွင် စတင်ထွက်ခွာပြီး မကြာမီမှာပင် ပျက်ကျသွားခဲ့ကြောင်း ၎င်းလေယာဉ်သည် အရှေ့မြောက် ၇ဝ ကီလိုမီတာအကွာရှိ အနောက်တောင်အော့ကလန်ဟိုးမားအခြေစိုက်စခန်းသို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်မှူး နှင့်တွဲဖက် လေယာဉ်မှူး တို့နှစ်ဦးစလုံးမှာ ဘေးကင်းစွာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း ကနဦး သတင်းဖော်ပြချက်အရ သိရသည်။

အချင်းဖြစ်နေရာသို့အရေးပေါ်ကယ်ဆယ်ရေးသမားများ ရောက်ရှိလာခဲ့ကြောင်း နှင့် ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)