ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဝက်များသေဆုံးမှုသည် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်အတွင်း (၆) ကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ၂၀၁၇ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ မြို့နယ် (၂၃၀)မှ ဝက် နမူနာပစ္စည်း စုစုပေါင်း(၂၇,၃၆၃)ခု ကောက်ယူစစ်ဆေး ခဲ့ပါကြောင်း၊ စစ်ဆေးချက်များအရ ဝက်တုပ်ကွေးရောဂါ (Swine Flu – H1N1) ရောဂါပိုးအား...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ နာမကျန်းဝက် (၂)ကောင်မှ ကောက်ယူထားသော သွေး နမူနာပစ္စည်းကို မော်လီကျူလာနည်းပညာ ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အာဖရိကဝက် အပြင်းဖျား ရောဂါပိုး (African Swine Fever...