ဝူဟန့် ၊ဧပြီ ၈ ရက်(ဆင်ဟွာ) ဝူဟန့်မြို့မှထွက်ခွာမည့်လမ်းကြောင်းများ ထိန်းချုပ်စီမံမှုကို ဧပြီ ၈ ရက်တွင် ဖျက်သိမ်းလိုက်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန် ပြန်လည် လည်ပတ်မှု စတင်နေပြီဖြစ်ကြောင်း သိရသည်။
ဝူဟန့် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း ၊ ရောဂါတိုက်ဖျက်ရေး ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသည့် မြို့တော်အတွက် ပထမဆုံးအကြိမ်အဖြစ် လူနာသစ်လုံးဝ မရှိသော မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကြောင့်...
ဝူဟန့်၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသော လူနာအရေအတွက် ဆက်လက်လျော့ကျလာသည့်အတွက် COVID-19 လူနာများအား အဓိကထားကုသရန် သတ်မှတ်ထားသော ဆေးရုံများအနေဖြင့် မတ်လကုန်တွင် ပုံမှန်ဆေးကုသမှုလုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် မတ် ၁၀ ရက်တွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စစ်ဆေးမှုအတွက် ဟူပေပြည်နယ် ဝူဟန့်မြို့၊ ဟောဆန်ဆန်းဆေးရုံသို့ သွားရောက်စစ်ဆေးပြီးနောက် ၎င်းမြို့ရှိရပ်ကွက်တစ်ခုအတွင်း နေအိမ်၌ စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် နေထိုင်ရသော ဒေသခံများထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အများဆုံးဖြစ်ပွားရာ ဝူဟန့်မြို့တွင် COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် မတ် ၉ ရက်၌ အများပြည်သူအသုံးပြုသော အဆောက်အအုံမှ ယာယီဆေးရုံအဖြစ် ပြောင်းလဲထားသည့် နောက်ထပ်ဆေးရုံတစ်ရုံကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 ဖြစ်ပွားရာ ဟူပေပြည်နယ်၊ ဝူဟန့်မြို့သို့ ယနေ့ (မတ် ၁၀ ရက်) ရောက်ရှိလာပြီးနောက် ဟောဆန်ဆန်းဆေးရုံသို့ ချက်ချင်းသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝူဟန့် ၊ မတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့၌ COVID-19 လူနာများအတွက် ယာယီဆေးရုံပြုလုပ်ထားသော ဝူဟန့်အားကစားရုံတွင် လူနာများ ရောဂါပျောက်ကင်း၍ ဆင်းသွားကြပြီးဖြစ်ရာ မတ် ၈ ရက်၌ အဆိုပါ ယာယီဆေးရုံအား ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နှင့် ၎င်းယာယီဆေးရုံအတွင်း ကူးစက်ရောဂါပျံ့နှံ့မှု မရှိစေရန် ပြီးပြည့်စုံသော ပိုးသက်အစီအစဉ်များ...
ဝူဟန့်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှ အသက် ၂၄ နှစ်အရွယ် လျူဟု အမည်ရှိသော စေတနာ့ဝန်ထမ်း မိန်းကလေးငယ်တစ်ဦးသည် ၎င်း၏အဖွဲ့နှင့်အတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါဖြစ်ပွားနေသည့် ဝူဟန့်၌ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အစားအသောက်များ အခမဲ့ ချက်ပြုတ်ကာ...
ဝူဟန့် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဓိက ဖြစ်ပွားရာနေရာဖြစ်သည့် ဝူဟန့် မြို့တွင် တရုတ်တိုင်းရင်းဆေးပညာဖြင့် ကုသပေးနေသည့် ယာယီဆေးရုံတစ်ခုသို့ တက်ရောက်ကုသမှုခံယူနေသော လူနာ ၂၃ ဦးသည် ပထမ အသုတ် အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်က...
နန်ကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာများအတွက် တရုတ်တိုင်းရင်းဆေးဝါးများ (TCM) အလိုအလျောက် ထုတ်ပေးနိုင်သည့် ရောင်းသူမလိုသောဆေးဆိုင်တစ်ခုကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းဆေးဆိုင်ကို တီထွင်သည့် ကုမ္ပဏီ ပြောကြားချက်အရ သိရသည်။