Connect with us

CHINA

တရုတ်နိုင်ငံဝူဟန့်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် လုံးဝမရှိတော့ကြောင်း သိရ

တရုတ်နိုင်ငံဝူဟန့်မြို့ Tianhe နိုင်ငံတကာလေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်းပျံတက်သွားသည်ကို မတ် ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း ၊ ရောဂါတိုက်ဖျက်ရေး ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသည့် မြို့တော်အတွက် ပထမဆုံးအကြိမ်အဖြစ် လူနာသစ်လုံးဝ မရှိသော မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈ ဦးရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် မတ် ၁၈ ရက်တွင် ဝူဟန့်နှင့်ဟူပေ တို့တွင် COVID-19 အတည်ပြုလူနာ ၅၀,၀၀၅ ဦး နှင့် ၆၇,၈၀၀ ဦး အသီးသီး ကျန်နေသေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်နယ်အတွင်းသံသယလူနာတစ်ဦးတစ်ယောက်မျှ ထပ်မံတိုးပွားလာခြင်းမရှိကြောင်း  ၊ မတ် ၁၇ ရက် တွင် လူနာသစ်လုံးဝ မရှိသည့် မှတ်တမ်းရရှိခဲ့ကြောင်း နှင့် ကူးစက်မှုအမြင့်မားဆုံးအခြေအနေကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်ကို အခြားတစ်ဖက်တွင် ဖော်ပြနေခြင်းဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူပေပြည်နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့မှစတင်ကာ COVID-19 လူနာသစ် အရေအတွက် ခုဂဏန်းသာ ရှိခဲ့ပြီး ယင်းလူနာအားလုံးသည် ဝူဟန့်မှဖြစ်ကြောင်း ၊ ယင်းဒေသတွင် လွန်ခဲ့သော တစ်လကျော်က နေ့စဉ် ကူးစက်လူနာအသစ် ထောင်ဂဏန်းအထိ ရှိခဲ့ကြောင်း စာရင်းအရ သိရသည်။

ရောဂါသက်သာလာ၍ မတ် ၁၈ ရက်တွင် ပြည်နယ်အတွင်း ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ၇၉၅ ဦးရှိကြောင်း ၊ အခြေအနေအလွန်ဆိုးဝါးသော လူနာ ၁,၈၀၉ ဦး နှင့် ရောဂါပြင်းထန် လူနာ ၄၆၅ ဦး အပါအဝင် ဆေးရုံတင်ထားရသော လူနာအရေအတွက်မှာ ၆,၆၃၆ ဦးအထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။ဝူဟန့်မြို့၌ ကူးစက်လူနာအသစ် လုံးဝ မရှိခြင်းနှင့်အတူ တရုတ်နိုင်ငံပြည်မကြီးတွင် ပြည်တွင်းကူးစက်မှုလူနာသစ်အရေအတွက်ကို သုညဦး အထိလျှော့ချနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် နိုင်ငံရပ်ခြားမှ ဝင်ရောက်လာသော ကူးစက်မှု ခြိမ်းခြောက်ခြင်းဒဏ်ကို ပိုမိုရင်ဆိုင်ကြုံတွေ့နေရပြီး မတ် ၁၈ ရက်တွင် ၃၄ ဦးထိ ကူးစက်ခံခဲ့ရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117