Connect with us

CHINA

ဝူဟန့်မြို့တွင် COVID-19 ရောဂါ တိုက်ဖျက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အစားအသောက်များ ချက်ပြုတ်၊ ပို့ဆောင်ပေးနေသည့် “မိုးကာအင်္ကျီနှင့် ညီမ”

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အစားအသောက်များ ပြင်ဆင်၊ ချက်ပြုတ်၊ ပို့ဆောင်နေသော စေတနာ့ဝန်ထမ်း မစ္စလျူနှင့် အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှ အသက် ၂၄ နှစ်အရွယ် လျူဟု အမည်ရှိသော စေတနာ့ဝန်ထမ်း မိန်းကလေးငယ်တစ်ဦးသည် ၎င်း၏အဖွဲ့နှင့်အတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါဖြစ်ပွားနေသည့် ဝူဟန့်၌ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အစားအသောက်များ အခမဲ့ ချက်ပြုတ်ကာ ပို့ဆောင်ပေးနေသူဖြစ်သည်။

လျူ၏ဦးဆောင်မှုဖြင့် ၎င်း၏အဖွဲ့သည် ဆေးရုံများသို့ ထမင်းဘူး ၄၀၀ မှ ၆၀၀ ခန့်အထိ နေ့စဉ်ပို့ဆောင်လျက်ရှိသည်။ ၎င်းက အစားအသောက်များ ထောက်ပံ့ခြင်းအပြင် ဆေးရုံအတွက် အခြားအလှူပစ္စည်းများကိုလည်း စုဆောင်းကာ ပို့ဆောင်ပေးပါသေးသည်။ကျန်းမာရေးအကာအကွယ်ဝတ်စုံ ရှားပါးသဖြင့် မိုးကာအင်္ကျီဝတ်ဆင်လေ့ရှိသော ၎င်းကို ကြင်နာတတ်သော “မိုးကာအင်္ကျီနှင့် ညီမ” ဟူ၍ ကျန်းမာရေးဝန်ထမ်းများက နာမည်ပြောင်ပေးခဲ့သည်။အဆိုပါ ကူးစက်ရောဂါ ဆုံးခန်းတိုင်သည်အထိ ယခုလိုလုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း လျူက ဆိုသည်။ (Xinhua)