ပါရီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ပြင်သစ်နိုင်ငံသမ္မတ(ဟောင်း)နီကိုလပ်စ်ဇာကိုဇီ(Nicolas Sarkozy)သည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် ၎င်း၏ ဩဇာကို အသုံးပြု၍ နည်းလမ်းမကျသောပုံစံမျိုးဖြင့် သတင်းအချက်အလက်စုဆောင်းကာ ရွေးကောက်ပွဲလွှမ်းမိုးမှုရရှိစေရန် လုပ်ဆောင်မှု နှင့် အဂတိလိုက်စားမှု တို့ဖြင့် တရားစွဲဆို ခံထားရခြင်းအပေါ်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇...
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန ယခင် ဒုတိယအမြဲတမ်းအတွင်းဝန်လက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းသုံးဦးအပါအဝင် စုစုပေါင်း လူ၆ဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်အတွင်း အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ ပပျောက်စေရန် ရုံးလုံခြုံရေး စနစ်ကို အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းဌာနမှ ထုတ်ပြန်ထားသည်။