Connect with us

Politics, Law & Military

ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်း သုံးဦးအပါအဝင် လူခြောက်ဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲ

အဂတိလိုက်စားမှုဖြင့် အရေးယူမှုအား နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ရှင်းလင်းချက်အားတွေ့ရစဉ် (ဓါတ်ပုံ- ဦးဇော်ဌေး facebook)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီးဌာန ယခင် ဒုတိယအမြဲတမ်းအတွင်းဝန်လက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းသုံးဦးအပါအဝင် စုစုပေါင်း လူ၆ဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ အဂတိလိုက်စားမှုဖြင့် ဦးပြုံးချို (ယခု ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး အတွင်းရေးမှူး)၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှဒုတိယရဲမှူးကြီး တစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဦးစီးအရာရှိတစ်ဦးနှင့် မြေပိုင်ရှင် ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံထားရသူ နှစ်ဦးစုစုပေါင်း (၆)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူနိုင်ရန် တရားစွဲဆိုလိုက်ကြောင်း ၎င်းကဆိုသည်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၆/၆၃ဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ယနေ့ ဇူလိုင်လ ၁၇ရက်နေ့တွင် ဗဟန်းမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူထားကြောင်း သိရသည်။

ယင်း ဖြစ်စဉ်သည် ဦးပြုံးချို ကဒုတိယအမြဲတမ်းအတွင်းဝန်အနေနှင့် တာဝန်ထမ်းဆောင်ခဲ့သော ၂၀၁၅ ခုနှစ် ဧပြီလကတည်းက စတင်ဖြစ်ပွားခဲ့သည့်ကိစ္စ ဖြစ်ပြီး ရန်ကုန်ရှိ မြေကွက်တစ်ကွက်နှင့် ပတ်သက်ပြီး သိန်းထောင်နှင့်ချီသော အဂတိလိုက်စားမှု ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။လက်ရှိဖြစ်စဉ်သည် ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့သော Case ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းဌာနမှအရာရှိများ ပါဝင်ပတ်သက်နေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။(Xinhua)