Connect with us

Politics, Law & Military

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်အတွင်း အဂတိ လိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ ပပျောက်စေရန် ရုံးလုံခြုံရေး စနစ်ကို အဆင့်မြှင့်တင်မည်

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်အတွင်း အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ ပပျောက်စေရန် ရုံးလုံခြုံရေး စနစ်ကို အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဝန်ကြီးဌာန အနေဖြင့် နယ်စပ် ဒေသများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးသည့် အတွက် ရေတွင်း၊ ရေကန်များ ပြန်လည်ပြု ပြင်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ ဒေသအလိုက် လုပ်ငန်း စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးခြင်း၊ရာသီဥတု ဖောက်ပြန်မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဌာနပိုင် လမ်း၊ တံတားနှင့် အဆောက်အဦးများ ပြန်လည်ပြု ပြင်ခြင်းများကိုလည်း ပြုလုပ်မည် ဖြစ်သည်။

ရွှေ့ပြောင်း ဒုက္ခသည် IDP များကို နိုင်ငံတော် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီ အခြားသော ဝန်ကြီး ဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး တန်ဖိုးနည်း နေအိမ်များ၊ လမ်း၊ တံတား၊ ရေရရှိရေး များပါဝင်သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စားနပ်ရိက္ခာ ဖူလုံရေးကိုပါ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနတွင် ရှိသည့် အရာထမ်း၊ အမှုထမ်းများနှင့် ဆရာ၊ ဆရာမများကို လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံ သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသား၊ တိုင်းရင်းသူများကို ပြည်ထောင်စု စိတ်ဓါတ် ရင့်သန် ခိုင်မာရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး ချစ်ခင် စည်းလုံး ညီညွတ်ရေးနှင့် ဒေသန္တရ ဗဟုသုတရရှိ ရေးများ ဆောင်ရွက်ခြင်းများကိုလည်း ရက် ၁၀၀ စီမံချက်အတွင်း လုပ်ဆောင်မည် ဖြစ်သည်။

ယင်းစီမံချက်အတွင်း ဆောင်ရွက်နိုင်မည့် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပြီး၊ မဆောင်ရွက်နိုင် သေးသည့် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ငန်း အပ်နှံ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ထုံး လုပ်နည်း နှင့်အညီ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117