ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ အမေရိကန်နိုင်ငံ အလက်စကာကျွန်းဆွယ်ကမ်းလွန်တွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အလက်စကာကမ်းရိုးတမ်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Aleutian ကျွန်းများတွင် ဧပြီ ၂ ရက်က ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Anchorage မြို့တွင် ဒီဇင်ဘာလ ၁ ရက် ပေကျင်းစံတော်ချိန် နံနက် ၁း၂၉ နာရီက ပြင်းအား ၇.၂ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။
နယူးယောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Tanaga မီးတောင် တောင်ဘက် ၆၅ကီလိုမီတာ အကွာ တွင် သြဂုတ်၁၅ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၅၆း၅၄ နာရီ က အင်အား ၆.၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
အန်ကောရေ့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အုပ်ချုပ်ရေးမှူး ဘေလ်ဝေါ်ကာ နှင့် ဧပြီ ၇ရက်နေ့တွင် တွေ့ဆုံကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ပြီး ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်-အမေရိကန်ဆက်ဆံရေး အကောင်းဆုံးတိုးတက်လာစေရန် လုပ်ဆောင်မှုများအနက် တစ်ခု...