Connect with us

North America

အလက်စကာပြည်နယ် Aleutian ကျွန်းများတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်သွားသော အလက်စကာပြည်နယ် Aleutian ကျွန်းများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Aleutian ကျွန်းများတွင် ဧပြီ ၂ ရက်က ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေး(USGS) က ငလျင်သည် ဧပြီ ၂ ရက် ဂရင်းနစ်စံတော်ချိန် ၂၁၃၅ နာရီတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ငလျင်တည်နေရာမှာ Kiska မီးတောင်၏ အရှေ့မြောက် ၃၁ ကီလိုမီတာကျော်အကွာတွင်ဖြစ်ပြီး မြေအောက် အနက် ၁၉.၁ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ဆိုသည်။

အချင်းဖြစ်ဒေသသည် လူနေကျဲပါးကြောင်း နှင့် ငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း အမေရိကန် အမျိုးသားရေပြင် နှင့် လေပြင် စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)