ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ဒုတိယ အကြိမ်အဖြစ် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် အရေးပေါ်လိုအပ်နေသော အသက်ရှူစက် ၁၅ လုံး ထပ်မံ ရောက်ရှိလာခဲ့ပြီးနောက် ယင်းစက်များကိုမြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကုသရေး အတွက် လှူဒါန်းသော အသက်ရှူစက်(ventilators) အစုံ ၂၀ သယ်ဆောင်လာသော လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ဧပြီ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။