Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အရေးပေါ်လိုအပ်နေသော အသက်ရှူစက်များ တရုတ်နိုင်ငံမှ ဒုတိယ အကြိမ် ထောက်ပံ့ပေးအပ် 

တရုတ်နိုင်ငံမှ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များအား တွေ့ရစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဒုတိယ အကြိမ်အဖြစ် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် အရေးပေါ်လိုအပ်နေသော အသက်ရှူစက် ၁၅ လုံး ထပ်မံ ရောက်ရှိလာခဲ့ပြီးနောက် ယင်းစက်များကိုမြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ဒုတိယ အကြိမ် ထပ်မံ ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များသည် ဧပြီ ၂၈ ရက်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံမှ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များ တရုတ်-မြန်မာနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar)

မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား ကူညီရန်အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်ထံ YH-830-11 အမျိုးအစား အသက်ရှူစက် အလုံး ၃၀ ပေးအပ်လှူဒါန်းခဲ့ပြီး ပထမအကြိမ် ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များသည် ဧပြီလ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)