ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့ တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်ပွဲတော် ကျင်းပမည့်ကာလအတွင်း ပြိုင်ပွဲနေရာကို “မပျံသန်းရဇုန်”အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးနိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က ဇန်နဝါရီ ၂၈ ရက်၌ ဆင်ဟွာသတင်းဌာန၏ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပေကျင်းဆောင်းရာသီအိုလံပစ် ၏ ပြင်ဆင်မှုလုပ်ငန်းများမှာ...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နှင့် ဂျပန်နိုင်ငံတို့က ယခုနှစ်တွင် တိုကျိုအိုလံပစ်ကို ကျင်းပမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အိုလံပစ်ပွဲ ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း သတင်းကို ဇန်နဝါရီ ၂၂ ရက်က ငြင်းဆိုခဲ့ကြောင်း သိရသည်။
ကျန်းကျားခို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပွဲများ၏ ကျန်းကျားခို ပြိုင်ပွဲဇုန်အား ဇန်နဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၁၄ ကြိမ်မြောက် အမျိုးသားအားကစားပွဲများအတွက် အားကစားနေရာများတည်ဆောက်မှုသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး စီမံကိန်းနေရာ ၈ ခုကို စီစဉ်ထားသည့်အတိုင်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
တိုကျို၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ် (Thomas Bach) တို့က တိုကျိုအိုလံပစ်အားကစားပွဲတော်အား ၂၀၂၁ ခုနှစ် နွေရာသီထက် နောက်မကျဘဲ ကျင်းပရန်...
တိုကျို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲအား ကမ္ဘာတစ်ဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ပြန့်နှံ့မှုကြောင့် ရွှေ့ဆိုင်းရနိုင်ဖွယ်ရှိကြောင်း မတ် ၂၃ ရက်တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တိုကျို၊ မတ် ၂၀ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် စိုးရိမ်ပူပန်မှုများကြားမှ တိုကျိုအားကစားပွဲများ ဖွင့်ပွဲပြုလုပ်ရန် စီစဉ်ထားသည့်အချိန်မတိုင်မီ လေးလအလို မတ် ၂၀ ရက်တွင် ဂျပန်နိုင်ငံသို့ အိုလံပစ်မီးရှူးတိုင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင် မည့် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးတတိယအဆင့် ခြေစစ်ပွဲတွင် မြောက်ကိုရီးယားအသင်း နုတ်ထွက်ခဲ့သော ကြောင့် ပွဲစဉ်အချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် အိုလံပစ်နေ့အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။