Connect with us

Asia

အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့ အိုလံပစ်အားကစားကွင်းကို “မပျံသန်းရဇုန်”အဖြစ် ဂျပန်အစိုးရက သတ်မှတ်မည်

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဌ Thomas Bach က အိုလံပစ်အားကစားပွဲကျင်းပမည့် ဂျပန်အမျိုးသားအားကစားကွင်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်က သွားရောက်ကြည့်ရှုလေ့လာစဉ် (ဓာတ်ပုံ- Xinhua/POOL/Behrouz Mehri)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့ တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်ပွဲတော် ကျင်းပမည့်ကာလအတွင်း ပြိုင်ပွဲနေရာကို “မပျံသန်းရဇုန်”အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်အားကစားပွဲကို ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက် အထိ ၊ ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၅ ရက်အထိ အသီးသီးကျင်းပမည်ဖြစ်သည်။ဂျပန် မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တိုကျို အိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်အားကစားပွဲ မကျင်းပမီ (၂)နာရီမှ ကျင်းပပြီး (၁)နာရီအချိန်အထိ ပြိုင်ပွဲနေရာအထက်ကောင်းကင်တွင် ပျံသန်းသွားလာမှု တားမြစ်မည်ဖြစ်ကြောင်း ဆိုသည်။

ပြိုင်ပွဲကျင်းပသည့်ကာလအတွင်း ပြိုင်ပွဲနေရာ ပတ်လည် (၃)ကီလိုမီတာအတွင်း ပျံသန်းသွားလာမှုကို တားမြစ်မည်ဖြစ်ပြီး ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားကာလတွင် ဂျပန်အမျိုးသားအားကစားကွင်းပတ်လည် (၄၆)ကီလိုမီတာအတွင်း ပျံသန်းသွားလာမှုကို တားမြစ်မည် ဖြစ်ကြောင်း သိရသည်။တိုကျို ဟာနဲ့ဒါ့လေဆိပ် ပုံမှန်လေကြောင်းလိုင်းများကို မကန့်သတ်ထားကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။ (Xinhua)   

——————————————-
(Chinese Version)

因应恐怖主义威胁 日本政府将为奥运赛场划设禁飞区

  新华社北京5月7日电(记者刘秀玲)日本国土交通省6日说,为因应恐怖主义威胁,东京奥运会和东京残奥会举行期间,办赛场地上空将被设为禁飞区。
东京奥运会和东京残奥会将分别于7月23日至8月8日以及8月24日至9月5日举行。
  国土交通省说,东京奥运会和东京残奥会比赛举办前两小时起至比赛结束一小时内,赛场上空将禁飞;奥运会和残奥会开闭幕式举办期间,主体育场——东京新国立竞技场上空同样禁飞。
 赛事举办期间,赛场周边半径3公里以内禁飞。开闭幕式期间,新国立竞技场周边半径46公里以内禁飞。北海道札幌等东京以外赛场同样适用禁飞规定。
 国土交通省说,从东京羽田机场起降的日常航班不受限制。

2020年11月17日,国际奥委会主席巴赫在日本东京参观作为奥林匹克体育场的新国立竞技场。(新华社/POOL/贝赫鲁兹•迈赫里)