ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊သို့သော်မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့...
ရန်ကုန်၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးမှ အောက်တိုဘာ၁၈ရက်တွင် ဆုတ်ခွါခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိရွာသွန်းနေသော မိုးသည်အခါလွန်မိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ဆောင်းတွင်းဝင်ရောက်ရန် မြောက်ပြန်လေ(သို့မဟုတ်)ဆောင်းမုတ်သုံလေတိုက်ခတ်မှုပေါ်မူတည်၍ နိုဝင်ဘာလဆန်းတွင် တစ်နိုင်ငံလုံး၌ ဆောင်းမုတ်သုံလေဝင်ရာကာဆောင်းရာသီသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းကဆိုသည်။