နင်းပေါ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) “ဗဟို၊အရှေ့ဥရောပနိုင်ငံများ၏ လုပ်ငန်းပေါင်း (၆၈)ခုနဲ့ တရုတ်ကုမ္ပဏီလုပ်ငန်းပေါင်း(၂၀၀)က နှီးနွယ်ဖလှယ်ပွဲ (၂၀၀)ခန့် ပြုလုပ်ခဲ့ပြီး လက်တွေ့မျက်မြင်အကောင်အထည်ဖော်အကျိုးဖြစ်ထွန်းနိုင်တဲ့ရလဒ်တွေဖြစ်လာဖို့ ကြိုးပမ်းခဲ့ကြတယ်” တရုတ် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ ကောင်းယန့်က ယခုရက်ပိုင်း နင်းပေါမြို့တွင် ကျင်းပသည့် China-CEEC ကုန်သည်ကြီးများအသင်း ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။...
ကျိုချွမ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လူလိုက်ပါနိုင်သော အာကာသယာဉ် Shenzhou-12 နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံတို့ ပေါင်းစပ်ယာဉ်အား ဂြိုဟ်တုလွှတ်တင်ရေးနေရာသို့ လွှဲပြောင်းခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီ (CMSA) က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ ...
ကူမင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ကျင်ကျိုက် ဥမင်လိုဏ်ခေါင်းကို ဇွန် ၅ ရက် နံနက်ပိုင်းက လုံခြုံဘေးကင်းစွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ဥမင်အလွှာပြုလုပ်ခြင်း၊ အတွင်းသားနံရံနှင့် ရထားလမ်းကြောင်း ဆောက်လုပ်ခြင်းစသည့် ကျန်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း China Railway Kunming Group၏ သတင်းများအရ...
ထန်ဆန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ရှိ ရှီးဖုန်းခိုအနောက်ဘက် ဖန်းကျားခိုအပိုင်း မဟာတံတိုင်းကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။ ၁၉၇၀ ပြည့်နှစ် များတွင် ဖန်းကျားခိုရေလှောင်ကန်ကို ပြုပြင်တည်ဆောက်ခဲ့ရာ ဖန်းကျားခိုအပိုင်း မဟာတံတိုင်းအစိတ်အပိုင်းတစ်ခု ရေနစ်မြုပ်ခဲ့ပြီးနောက် ရေအောက်မဟာတိုင်း ရှုမြင်ကွင်း ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ...
ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ (UN) ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကွန်ဖရင့် အား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သူများက ဇွန် ၄ ရက်၌ ပြောကြားခဲ့သည်။...
ဟန်ကျိုး၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း၏ e-commerce ဗဟိုအချက်အချာဖြစ်သည့် ကျဲ့ကျန်းပြည်နယ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ 5G အခြေစိုက်စခန်းပေါင်း (၆၂,၆၀၀) တည်ဆောက်ပြီးဖြစ်ကြောင်း ဒေသခံဆက်သွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါ ပုဂ္ဂလိက စီးပွားရေးအချက်အချာ နေရာတွင် ရှေ့ပြေးစီမံကိန်း အမြောက်အမြား ပျိုးထောင်ထားပြီးဖြစ်ရာ...
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း(၇၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဇွန် ၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မေလမှစ၍ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေသည် ဆိုးဝါးဆဲဖြစ်ရာ...
ဟူပေ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ ဟူပေပြည်နယ်အနောက်ဘက်လမ်းအပိုင်း ဖြစ်သည့် ရီအန်းလမ်းအပိုင်းကို ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် ဖောက်လုပ်တည်ဆောက်ခဲ့ရာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားလာနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင်...
လျောင်နင်း၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် အဓိက အရေးပါသည့် ရထားလမ်းပိုင်းတစ်ခုအား လုပ်သားအင်အား ၁၂,၀၀၀ ဖြင့် အချိန် ၁၁ နာရီအတွင်း ဆက်တိုက် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ချင်းဟွမ်တောင်-စိန်ရန် ရထားလမ်းသည် ပေကျင်း-ဟာအယ်ပင်း ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၄၀၅ ကီလိုမီတာ...
အန်းဟွေး၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ သုတေသီများက ပြီးခဲ့သော သောကြာနေ့တွင် နောက်ဆုံးပြုလုပ်သည့် နေအတု စမ်းသပ်ချက်တွင် အချိန် ၁၀၁ စက္ကန့်အတွက် ပလာစမာ အဏုမြူ အပူချိန် သန်း ၁၂၀ ဒီဂရီ စင်တီဂရိတ် အထိရောက်ရှိအောင် စွမ်းဆောင်ပြီး ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။ ယင်းမှာ...