အန်တန်နန်ရီဗိုလ်၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် မေ ၂ ရက်က မဒါဂတ်စကာနိုင်ငံ မြို့တော် အန်တန်နန်ရီဗိုလ် မြောက်ပိုင်း Ivatoအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ယနေ့ ဧပြီ ၃၀ ရက်တွင် ရန်ကုန်မြို့ ရှိ မင်္ဂလာဒုံ အမှတ် (၁) တပ်မတော် စစ်ဆေးရုံသို့ သွားရောက်၍ COVID-19...
ပေကျင်း၊ ဧပြီ ၂၉ ရက် COVID-19 ကပ်ရောဂါ ဖြေရှင်းရေးဆိုင်ရာ BRICSအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပေကျင်းမှနေ၍ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေလီ၊မတ် ၂၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံCOVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီထောက်ပံ့ရန် ဂျက်မားဖောင်ဒေးရှင်း (JACK MA FOUNDATION) အပါအဝင် တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများမှ N95 နှာခေါင်းစည်းများ ၊ Nucleic Acid Testing(NAT)စမ်းသပ်ပစ္စည်းများ စသည့် ကျန်းမာရေး ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။