ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒေသအသီးသီးမှ ဟူပေပြည်နယ်သို့ အားပေးကူညီဆောင်ရွက်ရန် စေလွှတ်ထားသော ဆေးကုသရေးဝန်ထမ်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ည ၂၄ နာရီအထိ စုစုပေါင်း ၂၁၇ ဖွဲ့ ရှိပြီဖြစ်ပြီး အဖွဲ့ဝင် ၂၅,၆၃၃ ဦးရှိကြောင်း၊ ၎င်းအရေအတွက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) ဝူဟန့်မြို့ ကျန်းရှ တာ့ဟွားအားကစားစင်တာရှိ ဖောင်းချန်းဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၁၄ ရက်က စ၍ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လူနာများကို စတင် လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ရှမန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှမန်လေကြောင်း၏ လေယာဉ်မှူးတစ်ဦးဖြစ်သော ဩစတြေးလျနိုင်ငံသား မိုင်လ်စ် ဘားနတ် ဝက်စ်တန် (Myles Bernard Weston) သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စင်းလုံးငှားလေကြောင်း ခရီးစဉ်အမှတ် MF8779 ကို မောင်းနှင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19)...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဝူဟန့်မြို့သို့ ဆေးကုသရေးတပ်ဖွဲ့ဝင် ၂,၆၀၀ ဦး ထပ်မံအားဖြည့်စေလွှတ်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုမြင့်မားသည့် နေရာများအနက် တစ်ခုဖြစ်သော ရှီဆွေနယ်မြေတွင် အချိန် ၇ ရက်အတွင်း ဆေးရုံတစ်ရုံ ပြန်လည်တည်ဆောက်ရန် လျာထားခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) လက်ရှိ တရုတ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိသလို အခြားနိုင်ငံများသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုးပမ်းကာကွယ် တားဆီးလျက်ရှိရာ နိုင်ငံတကာအသိုက်အဝန်းက အပြည့်အဝ အသိအမှတ်ပြုခဲ့ကြသည်။သို့သော်လည်း အမေရိကန်၌ COVID-19 ကြောင့် အာရှသားများကို ခွဲခြားဆက်ဆံမှုများ ဖြစ်ပွားလျက်ရာ ယခုရက်ပိုင်းများတွင် အမေရိကန် နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်များမှ...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၌ COVID-19 ရောဂါကို အစွမ်းကုန် အင်တိုက်အားတိုက် တိုက်ဖျက်နေချိန်တွင် အမေရိကန် မီဒီယာအချို့သည် ရည်ရွယ်ချက်ရှိရှိ မသမာသည့် အသုံးအနှုန်းများကို ခေါင်းစဉ်တပ်ကာ “အာရှတိုက် ရောဂါသည်အမှန် တရုတ်နိုင်ငံ”ဟူ၍ လည်းကောင်း၊ ကိုရိုနာဗိုင်းရပ်စ်အသစ်ကို “ဝူဟန့် ဗိုင်းရပ်စ်”ဆိုသည့်စကားလုံးများဖြင့် လည်းကောင်း ရေးသားဖော်ပြ...