Connect with us

Politics, Law & Military

သမ္မတရှီ၏ခွင့်ပြုချက်ဖြင့် PLAမှ ဆေးကုသရေးတပ်ဖွဲ့ဝင် ၂,၆၀၀‌ ဦး ဝူဟန့်မြို့သို့ ထပ်မံစေလွှတ်၍ COVID-19 ရောဂါ တိုက်ဖျက်ရေး ကူညီဆောင်ရွက်  

ဆေးကုသရေးတာဝန်ထမ်းဆောင်ရန် ဖေဖော်ဝါရီ ၂ ရက်က ဝူဟန့်မြို့သို့ ရောက်ရှိလာသည့် PLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဝူဟန့်မြို့သို့ ဆေးကုသရေးတပ်ဖွဲ့ဝင် ၂,၆၀၀ ဦး ထပ်မံအားဖြည့်စေလွှတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတပ်ဖွဲ့ဝင်များသည် ဝူဟန့်ဟောဆန်ဆန်းဆေးရုံကြီး၏တာဝန်ထမ်းဆောင်မှုပုံစံအတိုင်း ဝူဟန့် ထိုက်ခန်းထုံကျိ ဆေးရုံနှင့် ဟူပေပြည်နယ် မိခင်နှင့်ကလေးစောင့်ရှာက်မှုဆေးရုံ ကွမ်းကူကုသမှုဇုန်တို့တွင် COVID-19 အတည်ပြုလူနာ ဆေးကုသရေးတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ဝူဟန့် ထိုက်ခန်းထုံကျိ ဆေးရုံတွင် ကုတင် ၈၆၀ ၊ ဟူပေပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ဆေးရုံ ကွမ်းကူကုသမှုဇုန်တွင် ကုတင် ၇၀၀ ထားရှိမည်ဖြစ်ပြီး ဆေးရုံနှစ်ခုစလုံးတွင် ဆေးကုသရေး ဇုန်၊ရောဂါကူးစက်မှု ထိန်းချုပ်ရေး၊ စစ်ဆေးရေး၊ အထူးကုသရေး၊ဓါတ်မှန်၊ ဆေးဝါးစက်ပစ္စည်း၊ ပိုးသတ်ခြင်း၊ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာဌာန စသည်တို့ပါရှိကြောင်း သိရသည်။

ယခုစေလွှတ်သည့် PLA ဆေးကုသရေးစုပေါင်းတပ်ဖွဲ့သည် ကြည်းတပ်၊ရေတပ်၊ လေတပ်၊ ဒုံးကျည်တပ်ဖွဲ့၊မဟာဗျူဟာ အထောက်အကူပြုတပ်ဖွဲ့၊ ပူးတွဲထောက်ပို့တပ်ဖွဲ့၊ ရဲတပ်ဖွဲ့စသည့်တပ်ဖွဲ့များမှ ဆေးကုသရေးတပ်ဖွဲဝင်များပါဝင်ကြောင်း သိရသည်။ဆေးရုံဝင်ဆန့်သည့်ပမာဏနှင့် ဆောက်လုပ်ရေးအခြေအနေပေါ်မူတည်၍ ဆေးကုသရေးတပ်ဖွဲ့ဝင်များကို အသုတ်ခွဲစေလွှတ်သွားမည်ဖြစ်ရာ ပထမအသုတ် တပ်ဖွဲ့ဝင် ၁,၄၀၀ ဦး သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဝူဟန့်သို့ ရောက်ရှိမည်ဖြစ်ပြီး ဆေးကုသရေး တာဝန်များ အမြန်ဆုံး ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိအချိန်ထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် ဆေးကုသရေးတပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်ကို COVID-19ရောဂါတိုက်ဖျက်ရေးအတွက် ဝူဟန့်သို့ စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)