ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဆင့် နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးပွဲကို နယ်စပ်ရွာလေး ပန်မွန်ဂျုံရွာ (Panmunjom)၌ ယနေ့( ဇန်နဝါရီ ၉ ရက်) တွင် စတင်ကျင်းပခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နယူးဒေလီ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂါလူရူမြို့ရှိ ဘားနှင့် စားသောက်ဆိုင် တစ်ခုတွင် ဇန်နဝါရီလ ၈ ရက်က မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မနီလာ ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် အစိုးရ အား ပုန်ကန်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ တို့ ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းအချိန်တွင် နိုင်ငံတောင်ပိုင်း Maguindanao ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး နှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံ စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက် အရ သိရှိရသည်။

တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်း ကာမန်ရှာ့ပြည်နယ် ရှိ ဆာပေါ်ဇာဟက်မြို့၌ ဇန်နဝါရီ ၆ရက် ဒေသစံတော်ချိန် ၁၈း၅၂နာရီတွင် အင်အား ၅.၁ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူ ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း Tasnim သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ဟနွိုင်း ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

ဇန်နဝါရီလ ၆ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁၇ ခုနှစ် ဗီယက်နမ်အလှမယ် (Miss Universe Vietnam 2017) ရွေးပွဲတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Dak Lak ပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် Ede လူမျိုး တိုင်းရင်းသူတစ်ဦးက သရဖူဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

နယူးဒေလီ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူထရာပရာဒက်( Uttar Pradesh) ပြည်နယ်၌ အအေးလှိုင်းဖြတ်မှုကြောင့် လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။

ဆိုးလ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

လာမည့် အပတ်တွင် အကြီးတန်းအဆင့် နှစ်နိုင်ငံ အစိုးရစကားဝိုင်း ကျင်းပရန် တောင်ကိုရီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြောက်ကိုရီးယားနိုင်ငံက လက်ခံခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။

နယူးဒေလီ၊ ဇန်နဝါရီ် ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံရှိ နှစ်ပေါင်း ၄၀၀ နီးပါးရှိပြီဖြစ်သော နိုင်ငံ၏အံ့ဖွယ်ရတနာ တာ့ဂျ်မဟာ (Taj Mahal) အား ထိန်းသိမ်းကာကွယ်ရန်အတွက် နေ့စဉ် ဝင်ရောက်သည့် ဧည့်သည်ပေါင်း ၄၀,၀၀၀ အထိနှင့် ဧည့်သည်တစ်ဦးစီ၏ ဝင်ရောက်လေ့လာမှုတိုင်း ကြာမြင့်ချိန်အား သုံးနာရီထိသာ သတ်မှတ်ထားရှိရန် စီစဉ်နေကြောင်း သိရသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တစ်ဝန်း၌ နှစ်သစ်ကူးအားလပ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် စုစုပေါင်း လူ ၃၇၅ဦးသေဆုံးပြီး အခြားလူ ၃,၆၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇန်နဝါရီလ ၃ ရက်တွင် မလေးရှားအာဏာရပါတီ BN(Barisan Nasional) က လာမည့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာကို လွှင့်တင်ခဲ့ရာ ယင်းအခမ်းအနားသို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ် (Najib Razak) ( ရှေ့တန်း ဝဲ - တတိယမြောက်) ၊ ဒုတိယဝန်ကြီးချုပ် ဇာဟစ်ဟာမစ်(Zahid Hamidi) ( ရှေ့တန်း ဝဲ - စတုတ္ထမြောက်) နှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။