Connect with us

Business

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းဆိုင်ရာပြပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်ကွန်ဗင်းရှင်းစင်တာ တွင် ကျင်းပလျက်ရှိသော ကုန်စည်ပြပွဲများအားတွေ့ရစဉ် (ဓာတ်ပုံ-Yangon Convention Center)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

( ၈ ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပြပွဲကို ဇွန်လအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပြပွဲကို ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပရန် စီစဉ်ထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန် များအတွက် စက်ကိရိယာနှင့် ထုတ်ကုန်ပစ္စည်းများ ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင် တောင်သူလယ်သမားများအတွက် လက်တွေ့ကျပြီး အကျိုးကျေးဇူးများ ပေးဆောင်သည့် နှီးနှောဖလှယ်ပွဲများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ကုမ္ပဏီများသည် လယ်ယာသုံး စက်ယန္တရားများ၊ ဓာတ်မြေသြဇာများ၊ မွေးမြူရေးအစာများ၊ ဖြည့်စွက်စာများနှင့် ငါးကန်များနှင့် ငါးဖမ်းလှေများကဲ့သို့သော ထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117