ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Zhou Xiaochuan က မတ်လ ၉ ရက်ကကျင်းပသည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပိုမိုကောင်းမွန်စွာတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ပေကျင်း ၊ မတ်လ ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ကျုံးရှောင်ချွမ်း (Zhou Xiaochuan) က မတ်လ ၉ ရက်နေ့ ၌ ကျင်းပ ပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ ငွေကြေးဆိုင်ရာ လုပ်ငန်းဈေးကွက်တွင် ပြည်ပ အား တံခါးဖွင့်မှု ဆောင်ရွက်ပေးရန် နှစ်များစွာ ပြင်ဆင်မှု များဆောင်ရွက်ခဲ့ရပြီး အနာဂတ် တွင် တံခါးဖွင့်မှု အတိုင်းအတာ ကို တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်းပြောကြား ခဲ့သည်။

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု များကိုလုပ်ဆောင်လာနိုင်သည်နှင့်အမျှနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအနှီးပမာဏအပေါ် ကြီးမားစွာမှီခိုရမှုကိုလျှော့ချသွား နိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Zhou Xiaochuan က ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ မတ်လ ၉ ရက်ကပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှု အဆင့်မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ရန်၊ စီးပွားရေးတိုးတက်လာမှုအား ထိန်းသိမ်းရန်၊ ပြည်သူများ၏ အသက်မွေးမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ချိတ်ဆက်အားထုတ်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးတွင် မတ် ၆ရက်ကပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးသည် တရုတ်နိုင်ငံက အကြုံပြုထားသည့် ပွင့်လင်းမြင်သာသော အဆိုပြု ချက်ဖြစ်ရာ တူညီသောကုန်သွယ်မှု၊ တူညီသောတည်ဆောက်မှု၊ တူညီသောမျှဝေခံစားမှုမှာ ခေတ်သစ် ပိုးလမ်းမကြီးအား ဖော်ဆောင်ရာတွင်လိုက်နာရမည့် အဖိုးမဖြတ်နိုင်သောမူဘောင်ဖြစ်ကြောင်း ၊ ၎င်းမှာ ခေတ်သစ်ပိုးလမ်းမကြီးအား အတူလက်တွဲပူးပေါင်းဆောင်ရွက်ရာတွင် မျှတမှုရှိခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း ၊ အများအကျိုးဖြစ်ထွန်းမှုရှိခြင်းကို ထင်ရှားပေါ်လွင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက် ပေကျင်း၌ ပြောကြားခဲ့သည်။

ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ယခုနှစ် စက်တင်ဘာလ ၌် တရုတ် နိုင်ငံ တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ၊ အစည်းအဝေးတွင် တရုတ်-အာဖရိက အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တည်ဆောက်ရေး ကို အဓိက ဆွေးနွေးသွာမည်ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို ပိုမို မြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ပေကျင်း ၊ မတ်လ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၈ ရက်၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် တရုတ်-ရုရှား နှစ်နိုင်ငံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု သည် အကန့်အသတ် မရှိဘဲ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်သည့် အခြေအနေ တွင် တည်ရှိကြောင်း ပြောကြား ခဲ့သည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော တရုတ်နိုင်ငံ နှင့် ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန် ၏ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည့်အပြင် တစ်ကမ္ဘာလုံး၏အကျိုးကိုလည်း ဖြစ်ထွန်းစေနိုင်ကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ယှဉ်ပြိုင်မှုဟုဆိုလျှင် ၎င်းယှဉ်ပြိုင်မှုမှာလည်း ကောင်းမွန်သည့်အပြုသဘောဆောင်သည့် ယှဉ်ပြိုင်မှုမျိုးသာဖြစ်ကြောင်း ၊ ဤကဲ့သို့သော ယှဉ်ပြိုင်မှုမှာ နိုင်ငံတကာဆက်ဆံရေးတွင် မြင်နေတွေ့နေရှိနေကျဖြစ်ကြောင်း၊ တစ်နည်းအားဖြင့်ဆိုလျှင် တရုတ်နှင့် အမေရိကန် အကြား ယှဉ်ပြိုင်မှုရှိနိုင်သော်လည်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်အနေဖြင့်သဘောမထားဘဲ မိတ်ဖက်နိုင်ငံအနေဖြင့် သဘောထားရန် ပို၍လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မတ်လ ၈ ရက်နေ့ ပေကျင်း၌ ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က တရုတ်နိုင်ငံသည် အာဆီယံ (ASEAN) နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်ပြီး အနာဂတ်မျှဝေသောနီးကပ်သည့် အသိုင်းအဝိုင်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မတ် ၈ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံ ၌ ကျင်းပမည့် အဓိကကျသော ပွဲအခမ်းအနား ၄ခုကို အမျိုးသားပြည်သူ့ကွန်ဂရက် ၏နှစ်ပတ်လည်အစည်းအဝေး အပြီး မတ်လ ၈ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မိတ်ဆက်ပြောကြားခဲ့သည်။