ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများအား ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ တစ်ဦးချင်း အလှူရှင်များ ခေါ်ယူ၍ ဌာနမှ ပြုပြင်ခြင်းများဖြင့် ဆောင်ရွက်လျက် ရှိရာ ၇၈ ဆူ...
ရာဘက်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အရှေ့မြောက်ပိုင်း နာဒေါမြို့ ကမ်းရိုးတန်းအလွန်တွင် တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်များ၏ ရာဘာလှေတိမ်းမှောက်ခဲ့ရာ အာဖရိကတိုက် sub-Sahara ဒေသမှ အာဖရိကလူမျိုး ၄၅ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် လူသုံးဦး ၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၅ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ ဒေသတွင်းနေ့စဉ်သတင်းစာ တစ်စောင်တွင် အလုပ်လုပ်နေသည့် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ရက်တွင် ပြောကြားခဲ့သည်။
မက်ဒရစ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ရီယဲလ်မက်ဒရစ်အသင်းနည်းပြဇနက်တီဇီဒန်းသည် ၎င်း၏အသင်းနည်းပြအဖြစ် တစ်နှစ်ပြည့်ပွဲစဉ်အဖြစ် ဇန်နဝါရီလ ၄ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ၁၆ ကြိမ်မြောက် စပိန်ဘုရင့်ဖလားပွဲစဉ် တစ်ခုတွင် အိမ်ကွင်း၌ ဆီဗီလာအသင်းအား ၃ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရလဒ်ကို စွမ်းဆာင်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ကာမိုင်းမြို့၏မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ လဝါးစစ်ဆေးရေးဂိတ်၌ ဆပ်ပြာမှုန့်ထုပ်များအောက်၌ ဝှက်၍သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ် အိတ်၁၅၀ခန့် ဖမ်းဆီးရမိကြောင်း ကာမိုင်းနယ်မြေရဲစခန်းထံမှ သိရသည်။ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်တရားမဝင်ပစ္စည်းများသယ်ဆောင်လာခြင်း ရှိ၊ မရှိစစ်ဆေးလျက်ရှိစဉ် မိုးကောင်းမြို့ဘက်မှ ကာမိုင်းမြို့ဘက်သို့ မောင်းနှင်လာသည့် GMC အမျိုးအစား၊...
ရန်ကုန်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်သို့ မြန်မာနိုင်ငံအစိုးရ၏မူဝါဒနှင့်အညီ အင်ဒိုနီးရှားနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် တရားဝင်အဆိုပြုကမ်းလှမ်းထားကြောင်း အာဆီယံနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည ်။
နယူးယောက် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘရုကလင်း (Brooklyn) မြို့ရှိ Altantic ရထားဘူတာရုံ၌ ဇန်နဝါရီလ ၄ ရက်က ခရီးသည်တင်ရထားတစ်စင်း ဘီးချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၃၀)နာရီအချိန် တိုင်းထွာချက်များအရ နမ့်စန်၊ တောင်ကြီး၊တပ်ကုန်း၊ ဟဲဟိုး၊ အောင်လံမြို့များ တွင် ဇန်နဝါရီလ၏ (၂၄)နာရီ အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်များကစံချိန်သစ်တင်အောင် ရွာသွန်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ...
နယူးဒေလီ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၅ ခုတွင် ဒေသန္တရ ရွေးကောက်ပွဲ ပြုလုပ်မည့် ရက်များအား အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီလ ၄ ရက်က ကြေညာလိုက်သည်။