ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မထက်ထက်အောင်၏ အွန်လိုင်းစတိုး က လျော့ကျသွားခြင်းမရှိဘဲ ရောင်းအားပိုမိုတိုးမြင့်လာခဲ့သည်။ အွန်လိုင်းစတိုးမှ ရရှိသည့်အကျိုးအမြတ်က သူမမိသားစု ၃ ဦး၏ နေ့စဉ်အသုံးစရိတ်ကို အပြည့်အဝထောက်ပံ့ပေးနိုင်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း ပြန်လည်စတင်နိုင်ရေး လုပ်ငန်းခွင်စစ်ဆေးမှုအား အောက်တိုဘာ ၂၂ ရက်တွင် လာရောက်စစ်ဆေးပြီးဖြစ်ကြောင်း၊ လာမည့်အပတ်တွင်လုပ်ငန်းပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒလတံတားစီမံကိန်းတာဝန်ခံ ဦးကျော်ကောင်းချိုက ဆင်ဟွာသို့ အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် သတ္တုနှင့် သတ္တုထွက်ပစ္စည်းအမျိုးမျိုးကို စုစုပေါင်းမက်ထရစ်တန်ချိန် ၁၃,၄၅၁,၁၉၄ ဒဿမ ၇၉၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊အမှတ်(၁)သတ္တုတွင်းလုပ်ငန်း မှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်မိမိကျော်က ဆင်ဟွာသို့ အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။
ဟနွိုင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် အောက်တိုဘာလ အစောပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ကာ လူပေါင်း ၁၁၇ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ...
ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားချိန်မှစ၍ ပထမဆုံးရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊သို့သော်မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့...
မော်စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအေဂျင်စီ ဝန်ထမ်းဟောင်း အက်ဒ်ဝါ့ဒ် စနိုဒန် (Edward Snowden) သည် ရုရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ပါမစ်ရရှိသွားပြီဖြစ်ကြောင်း ၎င်း၏ ရှေ့နေ Anatoly Kucherena က အောက်တိုဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ပုဂ္ဂလိကစိုက်ခင်းများ အပါအဝင် စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်၍ ပိုင် ဆိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဖေချစ်က ဆင်ဟွာသို့ အောက်တိုဘာ ၂၃ရက်တွင်ပြောသည်။