Connect with us

Europe

အက်ဒ်ဝါ့ဒ် စနိုဒန် ရုရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ပါမစ်ရရှိ

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင် ၂၀၁၅ ခုနှစ် မတ် ၁၈ ရက်က CeBIT 2015 အွန်လိုင်းတွေ့ဆုံမေးမြန်းမှုအတွင်း Edward Snowden ကို တီဗီဖန်သားပြင်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအေဂျင်စီ ဝန်ထမ်းဟောင်း အက်ဒ်ဝါ့ဒ် စနိုဒန် (Edward Snowden) သည် ရုရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ပါမစ်ရရှိသွားပြီဖြစ်ကြောင်း ၎င်း၏ ရှေ့နေ Anatoly Kucherena က အောက်တိုဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။

နေထိုင်ခွင့်ပါမစ် ရရှိရေးလုပ်ငန်းစဉ်သည် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် မှန်းထားသည်ထက် ကြာမြင့်ခဲ့ကြောင်း Kucherena ၏ ပြောကြားချက်ကို ဒေသတွင်းမီဒီယာက ကိုးကားဖော်ပြခဲ့သည်။

စနိုဒန်က ၂၀၁၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအေးဂျင်စီများက PRISM ကဲ့သို့ ပရိုဂရမ်များကို အသုံးပြု၍ အမေရိကန် မဟာမိတ် နိုင်ငံနှင့် အစိုးရ ခေါင်းဆောင်များကိုပင် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်ခဲ့ခြင်းဖြင့် ကမ္ဘာကို အံ့ဩထိတ်လန့်စေခဲ့သည်။

စနိုဒန်သည် ထိုအချိန်မှစ၍ ရုရှားနိုင်ငံတွင် ခိုလှုံလျက်ရှိသလို အမေရိကန်နိုင်ငံကလည်း သူလျှိုမှုနှင့် အစိုးရပိုင်ဆိုင်မှုများကို ခိုးယူမှု စွဲချက်များဖြင့် အလိုရှိနေသူလည်း ဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117