ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၃၀,၂၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရက်သတ္တပတ်အတွင်း တရားမဝင်ကျွန်း ၊ သစ်မာ ၊အခြားသစ် စုစုပေါင်း ၇၇ ဒသမ ၀၅၈၁ တန်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ယခုနှစ်အတွင်း မြန်မာ့ရေချိုငါးမျိုးစိတ်သစ် ၁၀ မျိုးတွေ့ရှိထားကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(မြန်မာ)FFIထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်ဝန်ထမ်းများ သည် QR Code registration လုပ်ရန်မလိုဘဲ ဘဏ်ထောက်ခံစာဖြင့် သွားလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးရဲမင်းဦးက ပြောကြားသည်။ “ဘဏ်တွင်တာဝန်ထမ်းဆောင်နေကြောင်း ဘဏ်ရဲ့ တရားဝင် ထောက်ခံစာဖြင့် ရန်ကုန်မြို့တွင်း သွားလာလို့ရပါတယ်။သီးခြား ထောက်ခံစာ ယူရန်...
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆ သန်း နီးပါးရှိလာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ထပ်တိုးလူနာများအနက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိသူ ၂၆ ရာခိုင်နှုန်းပါဝင်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ရရှိသော သတင်းများအရ သိရသည်။ (၁)...
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဖားကန့်မြို့နယ်တို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၃,၂၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရည်မှန်းချက်ပန်းတိုင်၂၀၃၀ ပြည့်နှစ်အား ပြည့်မီ ရောက်ရှိစေရန် နိုင်ငံ၏ စူးစမ်း ရှာဖွေဖော်ထုတ်ခြင်း နှင့် သိပ္ပံနှင့်နည်းပညာတီထွင်ဆန်းသစ်မှု လက်တွေ့ကျင့်သုံးခြင်းများအပေါ် တင်ဆက်ဖော်ပြထားသည့် “ ကြီးမားသောကမ္ဘာ့အချက်အလက်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် အထောက်အပံ့ဖြစ်” Big Earth Data in...
ဝါရှင်တန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် လူကြိုက်များနေသော TikTok ဗီဒီယိုမျှဝေရေး အက်ပလီကေးရှင်းအား ပိတ်ပင်တားဆီးခြင်းဆိုင်ရာ သမ္မတထရမ့်အစိုးရအဖွဲ့၏ အမိန့်ကို အမေရိကန်နိုင်ငံ ပြည်ထောင်စုတရားသူကြီးတစ်ဦးက စက်တင်ဘာ ၂၇ ရက် တွင် ရပ်တံ့ပစ်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ သမ္မတထရမ့်၏ ယင်းအငြင်းပွားဖွယ်ရာ TikTok ပိတ်ပင်တားဆီးခြင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၆ ရက် ည (၈:၀၀)နာရီမှ စက်တင်ဘာ ၂၇ ရက် ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၂၇၂) ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၇၄၃)ဦး တွေ့ရှိခဲ့ပြီး၊...
ချင်းသောင်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် China National Offshore Oil Corp (CNOOC) က တောင်တရုတ်ပင်လယ်တွင် သတ်မှတ်ထားသည့်ရက်ထက်စောကာ ၎င်း၏ လွီဟာ 16-2 ရေနံတူးဖော်ရေး စီမံကိန်းမှ ရေနံထုတ်လုပ်မှုစတင်ခဲ့ကြောင်းသိရသည်။ ၎င်းသည် တရုတ်နိုင်ငံ၏...