Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၇၄၃)ဦး တွေ့ရှိ ၊ ၂၈ ဦးထပ်မံသေဆုံး

နှာခေါင်းစည်းဖြင့် ပစ္စည်းပို့နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၆ ရက် ည (၈:၀၀)နာရီမှ စက်တင်ဘာ ၂၇ ရက် ည  (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၂၇၂) ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၇၄၃)ဦး တွေ့ရှိခဲ့ပြီး၊ ၂၈ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။ 

စက်တင်ဘာ ၂၇ ရက် ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၀,၇၃၄) ဦးနှင့် အတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၂၂၆) ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။စက်တင်ဘာ ၂၇ ရက် ညနေ ၄း၃၀ နာရီ တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကထုတ်ပြန်ချက်အရရန်ကုန်တိုင်းဒေသကြီးသည် COVID-19 ပိုးကူးစက်ခံရသူ ၇၄၀၉ ဦးဖြင့် အများဆုံးရှိနေပြီး ၊ ရခိုင်ပြည်နယ်တွင် ၁၂၉၂ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၇၂ ဦး၊ မွန်ပြည်နယ်တွင် ၂၄၁ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၃၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၁၅ဦး၊ နေပြည်တော်တွင် ၁၀၈ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ၅၂ ဦး၊ ကရင်ပြည်နယ် တွင် ၄၄ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၃၅ ဦး၊ ရှမ်းပြည်နယ် တွင် ၂၆ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၄ဦး၊ ချင်းပြည်နယ်တွင် ၂၂ဦး၊ ကချင်ပြည်နယ်တွင် ၂၀ဦး အသီးသီး တွေ့ရှိခဲ့ကြောင်း နှင့် ကယားပြည်နယ် တွင် ပိုးတွေ့ရှိသူ မရှိသေးကြောင်း သိရသည်။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၈၆၂) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)