ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ဆင်များနေ့ဖြစ်သော သြဂုတ် ၁၂ ရက်သည် COVID-19 ရောဂါကာလဖြစ်နသည့် အတွက် ဆင်စခန်းများ ပိတ်ထားရသော်လည်း အထူးအစီအစဉ်နေဖြင့် ဆင်များအား ဘူဖေးကျွေး၍ အထိန်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် လက်ကားဈေးနှုန်းများသည် သြဂုတ် ၁၁ ရက်တွင် ဖြည်းဖြည်းချင်း မြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသရေးရာဝန်ကြီးဌာန အဆိုအရ သိရသည်။
မော်စကို၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း သုတေသနပြုထုတ်လုပ်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မှတ်ပုံတင်ပေးလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ ဩဂုတ်၁၂ ရက် (ဆင်ဟွာ) ပြည်သူလူထု၏ပြုပြင်ပြောင်းလဲရေးတောင်းဆိုသံအတွက်လက်ဘနွန်နိုင်ငံဝန်ကြီးချုပ်Hassan Diabသည်အစိုးရတစ်ဖွဲ့လုံးရာထူးမှနုတ်ထွက်ရန်ဩဂုတ်၁၀ရက်တွင်ကြေညာခဲ့သည်။လက်ဘနွန်ဆိပ်ကမ်း၌ဩဂုတ်၄ရက်ကပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ဘေရွတ်တွင်နေ့စဉ်ရက်ဆက်ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားခဲ့ရာလက်ဘနွန်အားနိုင်ငံရေးအကျပ်အတည်းမီးတောက်လောင်စေခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူ လေးဦးအား နိုင်ငံတော်ဆုတံဆိပ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ရန် သမ္မတအမိန့်ဒီဂရီတစ်ရပ်ကို ဩဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယန်ရှော့၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) “Spider-kids”ကလေးငယ်များက တရုတ်နိုင်ငံ တောင်ပိုင်း ယန်ရှော့ ကျောက်တောင်တက်အဖွဲ့တွင် ပါဝင်နိုင်ရန် ကျောက်တောင်တက်စခန်းတစ်ခုရှိ ကျောက်တောင်သဏ္ဍန်တူ နံရံတွင် အသက် ၇ နှစ်မှ ၁၄ နှစ်အရွယ်ရှိ ကလေး ၂၀ ကျော်သည် အရည်အချင်းစိစစ်တောင်တက်စမ်းသပ်ပြိုင်ပွဲကို ပါဝင်ကြရသည်။ ထိုပြိုင်ပွဲတွင် ရလဒ်ကောင်းသည့် ကျောင်းသားကျောင်းသူများသည်...
ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ် နိုင်ငံသို့ သွားရောက်၍ ဘွဲ့နှင်းသဘင် အခမ်းအနား မတက်ရောက် နိုင်သည့် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပညာတော်သင်ဆုရရှိခဲ့သည့် ကျောင်းသားများအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကိုမြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီပွားရေးသံရုံးတွင်...
ဘေရွတ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင်ပြီးခဲ့သည့် သတင်းပတ်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြီးနှစ်ခုနှင့်ပတ်သက်၍ အစိုးရ အနေဖြင့် တိကျမှန်ကန်သည့် စစ်ဆေးမှုရလဒ်ထုတ်ပြန်ခြင်းခဲ့ခြင်း မရှိသည့်အပေါ် ပြည်သူများက မကျေမနပ်ဖြစ်ရာမှ ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။ ယင်းဆန္ဒပြပွဲများ၏ နောက်ဆက်တွဲအဖြစ် ဩဂုတ် ၉ ရက်က လက်ဘနွန်နိုင်ငံ ပြန်ကြားရေးဝန်ကြီး...
ဟူပေ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် Xianning မြို့တွင် လျှပ်စစ်ဓါတ်အားခွဲရုံများကို စစ်ဆေးရန် စမတ်နည်းပညာသုံး စက်ရုပ်ကိုအသုံးပြုလျက်ရှိသည်။ Xianning ဒေသတွင် အပူချိန်မြင့်သထက်မြင့်မားလာလျက်ရှိရာ လျှပ်စစ်ဓါတ်အားပေးလိုင်းဆွဲအားများ၌ လျှပ်စစ်ဓါတ်အားကီလိုဝပ်ပေါင်း ၁.၅၈သန်းခန့် စံချိန်တင် မြင့်တက်လာခဲ့သည်။ ထိုသို့နွေရာသီ လျှပ်စစ်ဓါတ်အားသုံးစွဲမှုအများဆုံးအချိန်တွင် ဓါတ်အားခွဲရုံများကိုစစ်ဆေးရန် စက်ရုပ်ကိုအသုံးပြုခြင်းဖြစ်သည်။ စက်ရုပ်မှာ...
အတွင်းမွန်ဂိုလီးယား၊ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Swan ရေကန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ခရီးသွားများလာရောက်လည်ပတ်နေသည့်နေရာတစ်ဝိုက်တွင်ဩဂုတ် ၉ ရက် မွန်းလွဲ ၃နာရီခွဲဝန်းကျင်က အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်သွားခြင်းဖြစ်သည်။