Connect with us

Social

ဆင်စခန်းများပိတ်ထားသော်လည်း ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ဆင်များကိုဘူဖေးကျွေး 

၂၀၁၈ ခုနှစ် ကမ္ဘာ့ဆင်များနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နယ် ၊ ဝင်္ဂဘော်ကျေးရွာရှိ ဝင်္ဂဘော်ဆင်စခန်းတွင် ကျင်းပနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) 

ကမ္ဘာ့ဆင်များနေ့ဖြစ်သော သြဂုတ် ၁၂ ရက်သည် COVID-19 ရောဂါကာလဖြစ်နသည့် အတွက် ဆင်စခန်းများ ပိတ်ထားရသော်လည်း အထူးအစီအစဉ်နေဖြင့် ဆင်များအား ဘူဖေးကျွေး၍ အထိန်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဝင်္ဂပေါ်ဆင်စခန်း မှ လက်ထောက်မန်နေဂျာ ဦးစိန်လွင်က “ဆင်လေးတွေ ကို အထူးအစီအစဉ်အနေနဲ့ ဘူဖေးကျွေးဖြစ်ပါတယ်။ အရင် နှစ် တွေက အခမ်းအနားတွေ ကျင်းပပြီး လုပ်ဖြစ်တယ်။ ဒီနှစ်ကတော့ ပွဲမလုပ်ဖြစ်ဘဲ ဆင်တွေ ကို ဘူဖေးကျွေးတာပဲလုပ်ဖြစ်တာ။’’ ပါဟုဆင်ဟွာ သို့ သြဂုတ် ၁၂ ရက်တွင်ပြောသည်။

မြန်မာတတစ်နိုင်ငံလုံးရှိ ဆင်စခန်း ၂၂ ခု စလုံး ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်မှစတင်၍ ပိတ်ထားခဲ့ကြောင်း၊ အလှူရှင်များကိုမူ လှူခွင့်ပြုထားကြောင်း သိရသည်။ ဆင်များအတွက် ဘူဖေးအစီအစဉ်ကို အလှူရှင် ရှိသည့်နေ့နှင့် အထူးနေ့များတွင်ကျွေးလေ့ရှိကြောင်းသိရသည်။ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပုဂံမြို့၊ ပလင်းကမ်းသာယာဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက “သာမာန်နေ့တွေကတော့ ကျွန်တော်တို့ ပုံမှန်အစာကျွေးပါတယ်။ ဒီနေ့ ကတော့ အထူးအနေနဲ့ ကမ္ဘာ့ဆင်များနေ့ ဖြစ်လို့ ဘူဖေးကျွေးဖြစ်ပါတယ်။’’ ဟု သြဂုတ် ၁၂ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ နှင့်  ရပ်ရွာပြည်သူလူထုတို့နှင့် ပူးပေါင်း၍ အလောင်းတော် ကဿပအမျိုးသားဥယျာဉ်နှင့် ရခိုင်ရိုးမဆင်ဘေးမဲ့တောတို့တွင် တောဆင်ရိုင်းများ ထိန်းသိမ်းကာကွယ်ခြင်း၊ ဆင်နှင့်လူပဋိပက္ခလျှော့ချခြင်း၊ ဆင်နှင့်အစိတ်အပိုင်းများအား တရားမဝင်ရောင်းဝယ်မှုကိုအရေးယူခြင်း၊ သိမြင်နိုးကြားမှု မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ ဆင်စခန်းတွေ မှာ ပြတိုက်လေးတွေ လုပ်ထားပေးထားတယ်။ ဆင်တွေ အစွယ်အတွက်သာမက အရိုး၊အရေအတွက်ပါ အသတ်ခံနေရတဲ့ အတွက်အားလုံးဝိုင်းဝန်းထိန်းသိမ်းဖို့ တိုက်တွန်းပြောကြားချင်ပါတယ်’’ ဦးမျိုးမင်းကိုက ဖြည့်စွက်ပြောကြားသည်။  (Xinhua)