ကျန်းရှီ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းရှီပြည်နယ် Yongxiu စီရင်စုရှိ Poyang ကန်၌ ဖောက်လုပ်ထားသည့် လမ်းမကြီးသည် ကန်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ၁၈.၆၇ မီတာခန့်မှာ ရေဖုံးလွှမ်းခြင်းခံရပြီး ရေပေါ် လမ်းသဖွယ် ဖြစ်လာခဲ့သည်။ ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် Yongxiu-Wucheng လမ်း၏ Dahuchi လမ်းပိုင်းပေါ်တွင် မော်တော်ယာဉ်များဖြတ်သန်းမောင်းနှင်နေပုံကို...
ဟူပေ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ရေကြီးမှုဖြစ်ပွားတတ်သည့် မိုးရာသီ သို့ရောက်ရှိချိန်တွင် မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းမှ တစ်ဆင့် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ထိန်းချုပ်ပုံ အဆင့်ဆင့်ကို ဆင်ဟွာသတင်းဋ္ဌာနမှ သတင်းထောက် Yue Wenwan က သွားရောက်ရိုက်ကူးတင်ဆက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ကြီးပေါ်တွင် ကမ္ဘာ့အကြီးဆုံးရေကာတာစီမံကိန်းဆောင်ရွက်ထားရှိမှု...
ဟဲနန်၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းဟဲနန်ပြည်နယ် Cuilou ကျေးရွာတွင် ၁၃ ဟက်တာ အကျယ်ရှိ ကြာကန်ကြီးကို ရွာသားများက ၂ နှစ်ခန့်အချိန်ယူ၍ စိုက်ပျိုးခဲ့ရသည်။ အဆိုပါ ကြာကန်ကြီးသည် လက်ရှိတွင် ကြာပန်းများစွာပွင့်ဖူးလျှက်ရှိရာ မျက်စိပသာဒ ဖြစ်ဖွယ် လွန်စွာ လှပနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။(Xinhua)
ကွေ့ကျိုး၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) Huohua တံတားသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် အရှည်ဆုံးတံတားတစ်စင်းအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ ၎င်းတံတားကြီးသည် အရှည် ၄ ကီလိုမီတာရှိပြီး မီတာ ၆၀ ကျော် မြင့်မားသည့် တံတားထောက်တိုင်ပေါင်း၄၆ ခုဖြင့် မြင့်မားသော တောင်တန်းများအကြားတွင် တည်ဆောက်ထားသည်။ တံတား၏ အမြင့်ဆုံးအပိုင်းသည်...
ချီရွှေ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ချီရွှေမြို့တွင် “ရိုးရာဝါးတစ်ချောင်းထောက် ဖောင်မျှော စတန့်ပြကွက်များ” ကို ဒေသခံအမျိုးသမီးများက လှပစွာ ဖျော်ဖြေပြသခဲ့ကြသည်။ ဝါးတစ်ချောင်းတည်းကို အားပြုကာ ဟန်ချက်ထိန်းပြီး မြစ်အတွင်း သွားလာခြင်း ဓလေ့မှာ ကွေ့ကျိုးဒေသ၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်းသိရသည်။ (Xinhua)
ထျန်းကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်း မြူနီစပယ်ဒေသတွင် တရုတ်နိုင်ငံ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Haier ကုမ္ပဏီ ၏ ထုတ်လုပ်ရေးစက်ရုံတွင် နောက်ဆုံးပေါ် 5G နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ AI ဖြင့်ပေါင်းစပ်ကာ အဝတ်လျှော်စက်များ ထုတ်လုပ်လျှက်ရှိသည်။
ကီးယက်ဗ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) “ဝူဟန့်-ကီးယက်ဗ်” တရုတ်-ဥရောပ ရထားကြီးသည် ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်(Kiev)သို့ ပထမဆုံး အကြိမ်အဖြစ်ရောက်ရှိလာရာ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ဇူလိုင် ၆ ရက်က Liski ဘူတာကြီးတွင် ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း နှင့် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖန်ရှန်းရုန်၊ယူကရိန်းနိုင်ငံ အခြေခံအဆောက်အဦတည်ဆောက်ရေးဝန်ကြီးဌာန...
နယူးဒေလီ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 အတည်ပြုလူနာအရေအတွက်သည် ၇ သိန်းကျော်ရှိလာပြီး သေဆုံးသူအရေအတွက် ၂ သောင်းကျော်ထိရောက် ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၇ ရက်က ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။
နန်နင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖူဆွေနယ်မြေတွင် ဒိုင်နိုဆောအမျိုးအစား လေးခု၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံသုတေသီများ ပြောကြားချက်အရ သိရသည်။