Connect with us

Videos

တရုတ်နိုင်ငံတွင် 5G နှင့် AI နည်းပညာများကိုပေါင်းစပ်ကာ အဝတ်လျှော်စက်များထုတ်လုပ် 

 

ထျန်းကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်း မြူနီစပယ်ဒေသတွင် တရုတ်နိုင်ငံ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Haier ကုမ္ပဏီ ၏ ထုတ်လုပ်ရေးစက်ရုံတွင် နောက်ဆုံးပေါ် 5G နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ AI ဖြင့်ပေါင်းစပ်ကာ အဝတ်လျှော်စက်များ ထုတ်လုပ်လျှက်ရှိသည်။ 

၎င်းစက်ရုံတွင် ဉာဏ်ရည်တုနည်းပညာနှင့် 5G နည်းပညာပေါင်း ၁၀၀ ကျော်ပေါင်းစပ်ပြီး 5G နည်းပညာသုံး စက်ကိရိယာ ယူနစ် ၁၅ လုံး ဖြင့် နှစ်စဉ် အဝတ်လျှော်စက် အလုံးရေ ၂သန်းခန့် ထုတ်လုပ်ပေးလျက်ရှိသည်။ “ကျွန်တော်တို့ 5G နည်းပညာသုံး စက်ကိရိယာ ယူနစ်၁၅ လုံး ကို ဒီဇိုင်းထုတ်ခဲ့ပါတယ် အဲဒီအထဲမှာ အသိဉာဏ်ကြပ်မတ်စနစ်၊ အရည်အသွေး မျက်မြင်စစ်ဆေးစနစ်နှင့် အလိုအလျောက်မောင်းနှင်နိုင်တဲ့ စနစ်တွေပါဝင်ပါတယ်၊ ဥပမာအားဖြင့် 5G နည်းပညာရဲ့ အားသာချက်ကိုအသုံးပြုတာဖြစ်တဲ့အတွက် အင်တာနက်ချို့ယွင်းမှုကြောင့်စွမ်းဆောင်ရည် ကျဆင်းခြင်းကို ကာကွယ်နိုင်ပြီးထုတ်ကုန်တွေရဲ့ အရည်အသွေး မျက်မြင်စစ်ဆေးစနစ်အပေါ် အကျိုးသက်ရောက်မှုများစွာ ရရှိစေနိုင်ပါတယ်” ဟု Haier ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ  Zhou Ming Li က ဆိုသည်။ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Zhang Feng Tao ကလည်း “5G နည်းပညာကို Augmented Reality (AR) နည်းပညာနှင့်ပေါင်းစပ်လိုက်တဲ့အခါ လူလုပ် အမှား ချို့ယွင်းချက်တွေကို အနိုမ့်ဆုံးလျှော့ချပေးနိုင်ပြီး ကုန်ပစ္စည်းရဲ့ အရည်အသွေးစစ်ဆေးတဲ့နေရာမှာလည်း ပိုမိုတိကျ ပြီး ထိရောက်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။စက်ရုံတွင် ထုတ်လုပ်မှုနောက်ဆုံးအဆင့်၌  နည်းပညာမြင့် စစ်ဆေးစက် ၄လုံးနှင့် နည်းပညာမြင့် ထုတ်ပိုးစက် ၃ လုံးတို့ကို အသုံးပြုထားသည်။ ထိုစက်ရုံသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းကစတင်လည်ပတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.