Connect with us

Culture & Entertainment

တရုတ်နိုင်ငံ တောင်ပိုင်း နာ့ဖိုက်ချိုင့်ဝှမ်းတွင် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ဒိုင်နိုဆော အမျိုးသား ဘူမိဥယျာဉ်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖူဆွေနယ်မြေတွင် ဒိုင်နိုဆောအမျိုးအစား လေးခု၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံသုတေသီများ ပြောကြားချက်အရ သိရသည်။ 

 အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းများသည် sauropods , theropods , ornithopods နှင့် ceratosaurus တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်သည်။ “ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေကို နာ့ဖိုက်ချိုင့်ဝှမ်းက နေရာ ၁၀ ခုကျော်မှာ တွေ့ခဲ့တာဖြစ်ပြီး နံရိုးတွေ၊ ပေါင်ရိုးတွေ၊ တံကျင်ရိုးတွေ၊ မြီးညောင့်ရိုးတွေ အမြောက်အမြားတွေ့ခဲ့ရတယ်” ဟု ကွမ်ရှီးပြည်နယ် အမျိုးသားသမိုင်းပြတိုက် ဒုတိယ ပြတိုက်မှူး Mo Jinyou က ပြောသည်။ 

“နေရာအနည်းငယ်ကိုပဲ တူးဖော်ရပါသေးတယ်။ အနာဂတ်မှာ အခြား အဓိက ကျောက်ဖြစ်ရုပ်ကြွင်းတွေရှာဖွေဖို့ ဖြစ်နိုင်ခြေကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး” ဟု Mo က ဆိုသည်။ Cartilaginous ငါး၊ မေးထိုးငါးမျိုးနွယ် (teleost fish) ၊ လိပ်များနှင့် မိကျောင်းများ၏ အရိုးများနှင့် သွားများ အပါအဝင် အခြားကျောရိုးရှိ အုပ်စုဝင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ 

နာ့ဖိုက်ချိုင့်ဝှမ်းသည် ၁၅၀ စတုရန်းကီလိုမီတာခန့်ရှိသည့် ဧရိယာတစ်ခုဖြစ်ပြီး Cretaceous ကာလ အစောပိုင်းမှ ကျောက်ဖြစ်ရုပ်ကြွင်းများ ပေါကြွယ်ဝစွာတည်ရှိသည့် အာရှတိုက်ရှိ နေရာအနည်းငယ်အနက် တစ်ခု ဖြစ်သည်။ ရှေးဟောင်းသုတေသနပညာရှင်များက ၁၉၇၀ ပြည့်နှစ်များကတည်းက ယင်းဧရိယာတွင် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများကို အမြောက်အမြား တွေ့ရှိခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117