ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့် ရရှိခဲ့သူ အရေအတွက်မှာ စုစုပေါင်း ၁,၁၅၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များ၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက် အရသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ချို့ ရှိ ဆေးရုံများတွင် 2019-nCoV acute respiratory disease ၏ စောင့်ကြည့်လူနာ ၄ ဦး၏ ဓာတ်ခွဲနမူနာများရယူခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) “အချိန် နှစ်ပါတ်အတွင်း ဘာလုပ်နိုင်မယ်လို့သင်ထင်ပါသလဲ” “တရုတ်နိုင်ငံ ဝူဟန့်မြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ကုသဖို့ အချိန် နှစ်ပါတ်ထဲနဲ့ ကုတင် ၂၆၀၀ ဆန့် ဆေးရုံ ၂ ရုံကို တည်ဆောက်နိုင်ခဲ့ပါတယ်”တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် အချိန် နှစ်ပတ်အတွင်းဆောက်လုပ်ပြီးစီးခဲ့သည့် ဟောဆန်ဆန်းဆေးရုံနှင့် လေးဆန်ဆန်းဆေးရုံ ဆောက်လုပ်မှု...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှိ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကိုတိုက်ဖျက်နိုင်ခဲ့ပြီး ဆေးရုံ ဆင်းခွင့်ရခဲ့သည့် လူနာ အရေအတွက်မှာ ဖေဖော်ဝါရီ ၄ ရက်အထိနောက်ဆုံးရရှိထားသည့် စာရင်းများအရ ၈၉၂ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
ဟဲနန်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်နေသည့် ဟဲနန်ပြည်နယ် zhoukou ဆေးရုံတစ်ရုံရှိ သူနာပြုဆရာမ တစ်ဦးနှင့် ၎င်း၏ သမီးတို့ အဝေးမှ တွေ့ဆုံ နှုတ်ဆက်နေသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ “မေမေက ဒီ မကောင်းဆိုးဝါး ရောဂါဆိုးကြီးကို တိုက်ခိုက်ပြီးတာနဲ့ သမီးဆီပြန်ခဲ့မယ်နော်” ဟု သူနာပြုဆရာမဖြစ်သူ...
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသော်လည်း လာအိုနိုင်ငံမှ တရုတ်သို့ တင်ပို့သည့် ပို့ကုန်များမှာ ပုံမှန်အတိုင်း ဆက်လက်စီးဆင်းနေကြောင်း Vientiane Times လာအိုနေ့စဉ်သတင်းစာက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဖော်ပြထားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လက်နက်များနှင့် ပတ်သက်ပြီး တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန်အတွက် လက်နက်ဥပဒေအသစ် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က တရုတ် နိုင်ငံ ၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး တွင် ဆောင်ရွက်သည့် ကြိုးပမ်းအားထုတ်မှု များ ကို အပြည့်အဝ ထောက်ခံ...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများက တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်းနှင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးများ၌ ဆောင်ရွက်ချက်များကို ချီးကျူးပြောကြားလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တစ်ချို့နေရာများတွင် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသော နေရာများတွင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ လ ၈ ရက် မှ စကာ ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်ဇယားကို ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။