မော်စကို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံ ရထားလမ်းဖောက်လုပ်ရေးကော်ပိုရေးရှင်းလီမိတက် (CRCC) မှ တည်ဆောက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မော်စကို မြေအောက်ရထားလမ်း အပိုင်းသစ်အား ဒီဇင်လဘာ ၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံ၍ ယူကရိန်းနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Semeruမီးတောင်သည် ဒီဇင်ဘာ ၇ ရက်အထိ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေရာ သေဆုံးသူဦးရေ ၃၄ ဦးထိ မြင့်တက်လာပြီး အခြား ပျောက်ဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရသူ ၅၆ ဦး ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား...
ကုလသဂ္ဂ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအား “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် အမေရိကန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို တိုက်ရိုက်ပင် “နိုင်ငံရေးဟာသပြက်လုံး” တစ်ခုထုတ်နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shenzhou-12 မစ်ရှင် အာကာသယာဉ်မှူး ၃ ဦးသည် ဒီဇင်ဘာ ၇ ရက်က စာနယ်ဇင်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ စက်တင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကနဦးပြန်လည်နာလန်ထူလာချိန်မှစ၍ လူထုအကြား ပထမဆုံးပေါ်ထွက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘရပ်ဆဲလ်မြို့၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အစိုးရ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကာ ဒီဇင်ဘာ ၇ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၄,၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဒီမိုကရေစီကိုမျက်ကွယ်ပြုထားပြီး ဒီမိုကရေစီထိပ်သီးအစည်းအဝေးတစ်ခုကျင်းပမည့် အမေရိကန်နိုင်ငံ၏ အရည်အချင်းကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဒီဇင်ဘာ ၇ ရက်တွင် မေးခွန်းထုတ်လိုက်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပရန် ရက်ပေါင်း ၆၀ သာလိုတော့သည်။ အရှည်အားဖြင့် မီတာ ၃,၀၀၀ ရှိပြီး အမြင့် ၉၀၀ မီတာရှိကာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၄၀ ကီလိုမီတာအထိ ယှဉ်ပြိုင်နိုင်သည့် တရုတ်နိုင်ငံ၏ အမြင့်ဆုံးနှင်းလျှောစီးလမ်းကြောင်း အားမည်သို့...
ပေကျင်း၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အများပြည်သူအတွက် အခြေခံအဆောက်အအုံ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် အသေးစားနှင့် အလတ်စား လေဆိပ်များ ချောမွေ့စွာလည်ပတ်နိုင်စေရန် ကြိုးပမ်းသွားမည်ဟု မြို့ပြလေကြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) သည် ထောက်ပံ့ရေးမူဝါဒများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ပြီး နှစ်စဉ်ခရီးသည် ၂ သန်းထက်နည်းသော လေဆိပ်များသို့...
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကာကွယ်ဆေး သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၏ ပြောကြားချက်အား ကိုးကား၍ The Star က မကြာသေးမီက သတင်းဖော်ပြခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံ၏...