Connect with us

Myanmar

မြန်မာကလေးငယ်အဖွဲ့ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် ပထမဆုရရှိ

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာကလေးငယ်အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာကလေးငယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သည့်အတွက် ပထမဆုရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ We Are Genius MYANMAR အသင်းက AI အသုံးပြု ရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြိုင်ပွဲသည် စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့် အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲ‌သောနေရာများထဲသို့ အလိုအလျောက်သွားလာသောစနစ်ဖြင့် ရှာ‌ဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော် (၁၁) နှစ်၊ ကျော်ဘုန်းခန့်ဇော် (၁၁) နှစ်နှင့် ဉာဏ်ကိုး (၁၂) နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအို စသည်တို့နှင့်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117