အစ္စလာမ်မာဘတ်၊ မေ ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကရာချိမြို့ရှိ ကွန်ဖြူးရှပ်စာသင်ကျောင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်းသေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား ဆရာဆရာမများအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို မေ လ ၁၄ ရက်တွင်ကျင်းပခဲ့သည်။ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတာဝန်ခံ Pang Chunxue က အခမ်းအနားတွင် အမှာစကား...
အစ္စလာမ်မာဘတ် ၊ မေ ၁၇ ရက်(ဆင်ဟွာ) အားကောင်းသော ကိုဗစ်လုံးဝကင်းစင်ရေး(zero-COVID) ချဉ်းကပ်နည်းအား ရွေးချယ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါကိုင်တွယ်ဖြေရှင်းပုံသည် ကမ္ဘာကြီးအတွက် မြင့်မားသောစံနှုန်းများကို ဖြစ်စေခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ မေ ၁၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံတွင် ဖျားနာသူများမှာ မေ ၁၆ ရက်၌ ၂၆၉,၀၀၀ ခန့် ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၁.၄၈ သန်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က မေ ၁၇ ရက်၌ သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ ဘိလိယက်ပြိုင်ပွဲတွင် English Billiards ပွဲစဉ်၌ မြန်မာကစားသမား ဦးပေါက်စသည် မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုကို ယနေ့ မေ ၁၇ ရက်တွင် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး...
ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက G7 အဖွဲ့အား တရုတ်နိုင်ငံနှင့်ပတ်သက်၍ သွားပုပ်လေလွင့် စွပ်စွဲနေခြင်း နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းအား ရပ်တန့်ရန် မေ ၁၆ ရက်တွင် တိုက်တွန်းလိုက်ကြောင်း သိရသည်။
မော်စကို ၊ မေ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံဗလာတီမာပူတင်က အကယ်၍ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့က ဖင်လန် သို့မဟုတ် ဆွီဒင်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများတပ်စွဲချထားခဲ့မည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ် ၆ဒသမ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar ) က မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ မေ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အယ်လ်-ရှာဘတ် (al-Shabab) အစွန်းရောက်အုပ်စုကို တန်ပြန်တိုက်ခိုက်ရန် ဆိုမာလီနိုင်ငံ အရှေ့ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်တပ်ဖြန့်ရန် အစီအစဉ်တစ်ရပ်အား ခွင့်ပြုခဲ့ကြောင်း အိမ်ဖြူတော်က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်၊ မီးလင်းရွှေ အတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားကြရန် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ၏ အသင်းသားများနှင့် ရွှေကုန်သည်များ အားလုံးသိရှိစေရန်အတွက် အချက် ၇ ချက်ပါ ကြေညာချက်ကို ယနေ့မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း...
ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif နှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ မေ ၁၆ ရက်တွင် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။