Connect with us

Sport

ဘိလိယက်ပြိုင်ပွဲတွင် English Billiards ပွဲစဉ်၌ မြန်မာကစားသမား ဦးပေါက်စက မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့

English Billiards ပွဲစဉ် တွင် မြန်မာကစားသမား ဦးပေါက်စ ဝင်ရောက် ယှဉ်ပြိုင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ ဘိလိယက်ပြိုင်ပွဲတွင် English Billiards ပွဲစဉ်၌ မြန်မာကစားသမား ဦးပေါက်စသည် မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုကို ယနေ့ မေ ၁၇ ရက်တွင် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင် က ဆင်ဟွာသို့ ယနေ့ မေ ၁၇ ရက်တွင်ပြောကြားသည်။“ဒါကတော့ မြန်မာနိုင်ငံ အတွက် ၅ ခုမြောက် ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အားကစားသမား Peter Gilchrist က ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ခုကို ရရှိခဲ့တဲ့သူဖြစ်လို့ ဦးပေါက်စအတွက် အရမ်းပဲဂုဏ်ယူမိပါတယ်’’ ဦးဌေးအောင်ကဆိုသည်။

ဘိလိယက်နှင့်စနူကာအားကစားနည်းပြိုင်ပွဲ၏ ပွဲစဉ်များကို မေ ၁၄ ရက်မှ ၂၂ ရက်အထိကျင်းပလျက်ရှိရာ ပြိုင်ပွဲ ၄ ရက်မြောက်နေ့၌ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာဘိလိယက်အားကစားသမားဦးပေါက်စသည် အင်္ဂလိပ်ဘိလိယက်(English Billiards) အားကစားပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် နာမည်ကြီးစင်ကာပူဘိလိယက်အားကစားသမား Peter Gilchrist အား(၁-၃) ဖြင့် အနိုင်ရ၍ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်းအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.