Connect with us

News

တရုတ်နိုင်ငံ ဝန်ကြီးချုပ် နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံဆက်ဆံရေးအပေါ် တယ်လီဖုန်းပြောဆိုဆွေးနွေး

ပါကစ္စတန်နိုင်ငံ Mansehra ခရိုင်အတွင်းရှိ Suki Kinari (SK) ရေအားလျှပ်စစ်စီမံကိန်း၏ ဒုတိယအဆင့် မြစ်ပိတ်ခြင်း ပြုလုပ်ရန် အခမ်းအနား ကျင်းပနေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif နှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ မေ ၁၆ ရက်တွင် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တယ်လီဖုန်းပြောဆိုဆွေးနွေးမှုအတွင်း ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးနားချင်း နှင့် သံမဏိကဲ့သို့ ခိုင်မာသည့် မိတ်ဆွေများဖြစ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသို့ အောင်မြင်သော ခရီးစဉ်တစ်ခုအား သွားရောက်ခဲ့ကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု အဆင့်ကို မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ၎င်းတို့၏ သံခင်းတမန်ခင်းအား ဦးစားပေးတစ်ခုအဖြစ် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးအား အမြဲတမ်းအလေးထားကြောင်း ၊ နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် လုံခြုံရေးအား ကာကွယ်ရာတွင် ပါကစ္စတန်နိုင်ငံအား အမြဲတမ်း အခိုင်အမာအားပေးထောက်ခံသွားမည် ဖြစ်ကြောင်း နှင့် ၎င်းတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၊ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်း တိုးတက်ကောင်းမွန်လာရေး နှင့် ဘဏ္ဍာရေး တည်ငြိမ်မှုအား ထိန်းသိမ်းရေးတို့တွင် နိုင်ငံအား ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။

ကရာချိမြို့၌ မကြာသေးမီက တရုတ်နိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများအား အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌မေ ၁၄ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကဲ့သို့သော အဓိကစီမံကိန်းများတွင် မဟာဗျူဟာဆက်သွယ်ရေးကို အားကောင်းလာစေရေး ၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း နှင့် ထိရောက်သောကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အခြေအနေအပေါ်တွင် နှစ်နိုင်ငံ အမှုထမ်းများ အပြန်အလှန်ဖလှယ်မှုများ အားကောင်းလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် လီခဲ့ချန်က ကရာချိမြို့၌ တရုတ်နိုင်ငံသားများအပေါ် မကြာသေးမီက တိုက်ခိုက်မှုကြောင့် တရုတ်ဘက်အခြမ်းက ထိန့်လန့်ရွံ့ရှာဖြစ်ရသည်ကို ထောက်ပြပြောဆိုခဲ့ပြီး ယင်းအကြမ်းဖက်တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် ပြစ်မှုကျူးလွန်သူများအား တတ်နိုင်သမျှအမြန်ဆုံး တရားဥပဒေရှေ့မှောက်ပို့ဆောင်ကာ နောက်ဆက်တွဲကိစ္စရပ်များအား ကိုင်တွယ်ရန် ကြိုးပမ်းအားထုတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၊ ကျန်ရစ်သူမိသားစုဝင်များ နှင့် ဒဏ်ရာရရှိသူများအား နှစ်သိမ့်ကာ အလားတူအဖြစ်ဆိုး ထပ်မံမဖြစ်ပွားစေရေး သေချာစေရန် ပါကစ္စတန်နိုင်ငံရှိ တရုတ်အဖွဲ့အစည်းများ နှင့် နိုင်ငံသားများအတွက် လုံခြုံရေးအစီအမံများ ကျယ်ကျယ်ပြန့်ပြန့် အားကောင်းလာစေမည်ဟု မျှော်လင့်ကြောင်း လီခဲ့ချန်က ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif က ကရာချိမြို့အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း တရုတ်နိုင်ငံများသေဆုံးမှုအပေါ် အလေးအနက် ဝမ်းနည်းကြောင်း နှင့် ဒဏ်ရာရရှိသူများအား အမှန်တကယ်စာနာကြောင်း ထပ်မံထုတ်ဖော်ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်ဝါဒအား အပြင်းအထန် ပြစ်တင်ရှုတ်ချကာ နိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများ၏ နေထိုင်မှု နှင့် ဘေးကင်းလုံခြုံမှုအား ရင်ဝယ်ပိုက်ထားကြောင်း နှင့် ရန်မူခြင်းခံရသည့် တရုတ်နိုင်ငံသားများ နှင့် ဒဏ်ရာရှိသူများအား ကွဲပြားခြားနားခြင်း မရှိဘဲ ၎င်းတို့၏ အရင်းအချာဖြစ်သော တစ်ပြည်တည်းသားများအဖြစ် အလေးထားကြောင်း ဝန်ကြီးချုပ် Shahbaz Sharif က အလေးအနက် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် အမှန်တရားအား ရှာဖွေဖော်ထုတ်ရန် အစွမ်းကုန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ဖမ်းဆီးအပြစ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်းမှကာကွယ်ရန် နိုင်ငံအတွင်းရှိ တရုတ် အဖွဲ့အစည်းများ နှင့် နိုင်ငံသားများအားလုံးအတွက် လုံခြုံရေးအစီအမံများကို အားဖြည့်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Shahbaz Sharif က ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ နှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် မကြုံစဖူးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှုအား အရှိန်မြှင့်ရန် ၊ အဓိကစီမံကိန်းများ နှင့် အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်သွားရန် နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုယူဆောင်ပေးရန် အမှုထမ်းဖလှယ်မှုများအား တိုးမြှင့်ရန် ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ် Shahbaz Sharif က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#China #Pakistan #ties #တရုတ်နိုင်ငံ #ပါကစ္စတန်နိုင်ငံ #ဆက်ဆံရေး #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

——————————-
(English Version)

Chinese premier, Pakistani PM hold phone call on bilateral ties

BEIJING, May 16 (Xinhua) — Chinese Premier Li Keqiang on Monday talked over phone with Pakistani Prime Minister Shahbaz Sharif on bilateral ties.

In the phone call, Li said China and Pakistan are friendly neighbors and iron-clad friends, noting that President Xi Jinping paid a successful visit to Pakistan in 2015, which advanced the level of bilateral strategic cooperation.

China always regards its ties with Pakistan as a priority in its diplomacy with neighboring countries, and will, as always, firmly support Pakistan in defending national sovereignty and security, and will support the country in developing its economy, improving people’s livelihood and maintaining financial stability, Li said.

China stands ready to work with Pakistan to strengthen strategic communication, promote cooperation on such major projects as the China-Pakistan Economic Corridor, and strengthen bilateral personnel exchanges on the condition of effective epidemic prevention and control, he added.

Li pointed out that the Chinese side is shocked and outraged by the recent attack on Chinese nationals in Karachi, and strongly condemns this terrorist attack.

The Chinese premier hoped that Pakistan will bring the perpetrators to justice as soon as possible, make every effort to handle follow-up matters, comfort the bereaved families and the injured, and comprehensively strengthen security measures for Chinese institutions and citizens in Pakistan to ensure that similar tragedies will not happen again.

For his part, Sharif once again expressed deep condolences over the death of Chinese nationals in the Karachi terrorist attack and sincere sympathy to the injured.
Pakistan strongly condemns terrorism, cherishes the lives and safety of Chinese nationals in the country, and regards Chinese victims and those wounded as its own compatriots without distinction, Sharif stressed, adding that the country will do its utmost to find out the truth, arrest and punish the perpetrators in accordance with the law.
The Pakistani side will strengthen security measures for all Chinese institutions and nationals in Pakistan to prevent similar incidents from happening again, he said.
Sharif said the friendship between Pakistan and China has been deeply rooted and bilateral cooperation has reached an unprecedented level.
Pakistan is ready to work with China to speed up the construction of the China-Pakistan Economic Corridor, deepen cooperation on key projects and special economic zones and increase personnel exchanges to bring more benefits to the two peoples, he added. ■
Photo 1 – A ceremony is held to mark the second-stage river closure of Suki Kinari (SK) Hydropower Project in Mansehra district, Pakistan, April 30, 2021. (Xinhua/Deng Kaiyin)
Photo 2 – People pay tribute to the Chinese victims of the recent terrorist attack on Chinese nationals in Karachi during a memorial service in Islamabad, capital of Pakistan on May 14, 2022. (Photo by Ahmad Kamal/Xinhua)