အမေရိကန် သမ္မတတစ်ဦးအနေဖြင့် ၎င်း၏ မိသားစုဝင်များအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်းသည် လျော်ကန်မှုမရှိဟု အရွယ်ရောက်သူ အမေရိကန်နိုင်ငံသား လေးပုံသုံးပုံခန့်က ယူဆလျက်ရှိကြောင်း YouGov လူထုသဘောထားစစ်တမ်းအရ သိရသည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် ၎င်း၏သားဖြစ်သူ ဟန်တာဘိုင်ဒန်အား ဒီဇင်ဘာ ၁ ရက် ညပိုင်းက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ၎င်း၏...
အမေရိကန် အစိုးရသစ်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ ပထမခြေလှမ်းများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သွားမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားမူဝါဒရေးရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဆူဆန် အဲလိယက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဥ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။...
– သမ္မတ ရှီက နီပေါနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေး တိုက်တွန်း – သမ္မတ ရှီနှင့် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ တွေ့ဆုံဆွေးနွေး – နောက်တက်လာမည့် အမေရိကန်အစိုးရအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပထမခြေလှမ်းများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်မည်ဟု တရုတ်နိုင်ငံ မျှော်လင့်ကြောင်း...
ရှီးချန်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာဆိုင်ရာ စမ်းသပ်ဂြိုဟ်တုသစ်တစ်စင်းအား နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဒီဇင်ဘာ ၃ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ Long March-3B သယ်ယူပို့ဆောင်ရေးဒုံးပျံဖြင့် ယင်းဂြိုဟ်တုအား ပေကျင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ...
ယခုနှစ်သည် အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည် အခါသမယဖြစ်သည်။ မကာအိုသည် ၂၅ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက် ကမ္ဘာ့အထင်ကရ ခရီးသွားလုပ်ငန်း ခရီးစဥ်ဒေသတစ်ခု ဖြစ်လာရုံသာမက နှစ်ပေါင်း ၄၀၀ ကျော်တိုင်တိုင် အရှေ့တိုင်းနှင့် အနောက်တိုင်းယဥ်ကျေးမှုတို့ အတူယှဥ်တွဲတည်ရှိရာ နေရာလည်းဖြစ်သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
ဆိုးလ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို၏ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကြောင့် တောင်ကိုရီးယား သမ္မတရုံး အမှုဆောင် အတွင်းရေးမှူးနှင့် အထက် အဆင့်မြင့် အရာရှိများ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းတွင် အဖွဲ့လိုက် နုတ်ထွက်စာ တင်ခဲ့ကြသည်။ တောင်ကိုရီးယား...
ယူနန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ဆန်းချင်းအဝေးပြေးလမ်းမ၊ ရွှမ်းဖူအဝေးပြေးလမ်းမ၊ ချုံချင့်-ခွင်မင်မြန်မှုန်းမြင့်ရထားလမ်း (ယူနန်ဘက်အပိုင်း) စသည့် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်း ဆောက်လုပ်မှုများကို အရှိန်အဟုန် တိုးမြှင့်လျက်ရှိသည်။ သက်ဆိုင်ရာစီမံကိန်းများ ဆောက်လုပ်ပြီးစီးပြီးနောက် ယူနန်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေများ အားကောင်းစွာ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ (Xinhua) ………………………...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၄၅ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၅,၃၇၆,၄၈၀ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၄.၁၂.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ဆိုးလ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုက ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် ကြေညာခဲ့သော အရေးပေါ် စစ်အုပ်ချုပ်ရေးဥပဒေကို မထောက်ခံကြောင်း လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက် အစောပိုင်း၌ ယင်းဥပဒေအား အစိုးရအဖွဲ့အစည်းအဝေးတွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။...
နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။...