Connect with us

Sino-Myanmar

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေး ဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကျင်းပ

နေပြည်တော်တွင် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က LMC ပလက်ဖောင်းကို ထူထောင်ပြီး မြန်မာနိုင်ငံအား ပံ့ပိုးကူညီမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေး သုတေသနနှင့် တိုးချဲ့ရေးတို့ကို အာရုံစိုက်ရန် အရေးကြီးကြောင်း၊ဒေသတွင်း ကျွမ်းကျင်ပညာရှင်များနှင့် တောင်သူလယ်သမားများကြား ကွာဟချက်ကို ဖြည့်ဆည်းရန် လိုအပ်ကြောင်း ဒုတိယ ဝန်ကြီးကဆိုသည်။

ညီလာခံသည် နိုင်ငံအချင်းချင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးထားကြောင်း၊ ခိုင်မာသော ဆက်ဆံရေးရှိထားပြီးဖြစ်ကြောင်းနှင့် ယမန်နှစ် အလုပ်ရုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ် ဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပလျက်ရှိကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ သီးနှံကာကွယ်ရေးဌာနမှ ပါမောက္ခ Dr-Li Yuanbo က ဆိုသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အကြီးအကဲများ၊ မိတ်ဖက်နိုင်ငံများမှ ပညာရှင်များ၊ ရေဆင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခနှင့် ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် စာတမ်းရှင်များ တက်ရောက်ခဲ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117