Videos
ကလေးများ၏အဖော် keeko စက်ရုပ်
ရှောင်းမန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ရှောင်းမန်မြို့ ရှိ မူလတန်းကျောင်းတွင် အသိဉာဏ်တု နည်းပညာသုံး AI စက်ရုပ် တစ်ရုပ်သည် ကျောင်းသားကလေးငယ်များကို ကူညီဆော့ကစားပေးလျက်ရှိသည်။ Keeko ဟု အမည်ပေးထားသည့် အဆိုပါစက်ရုပ်ကို မနှစ်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီးအသက် ၇ နှစ်အောက် ကလေးငယ်များအတွက် အထူးရည်ရွယ်သည်။ ၎င်းတွင် ၅ နှစ်အရွယ်ကလေးငယ်၏ မှတ်ဉာဏ်ကို ထည့်သွင်းပေးထားပြီး ကလေးငယ်များနှင့်အပြန်အလှန်ပြောဆိုဆက်သွယ်နိုင်သည်။ ကဗျာများကို ရွတ်ဆိုခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း နှင့် သင်္ချာ တွက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
မူလတန်းကျောင်းအုပ်ကြီး Zhang Lian က စက်ရုပ်တွေကို အသုံးပြုပြီး ပုံပြင်တွေကိုပြော ဆိုနိုင် ကြောင်း၊ ပုံများကိုပြပြီး မေးခွန်းများကိုလည်းမေးမြန်းနိုင်ကြောင်း၊ ၎င်း က မိမိ တို့ ၏ နေ့စဉ်သင်ကြားမှု တွင် အများကြီးအထောက်အပံ့ဖြစ်ကြောင်း ဆိုသည်။
Keeko စက်ရုပ် သည် ကလေးများစွာအား ကူညီပေးနိုင်မည် ဖြစ်ပြီး ၎င်းတို့ ကို သင်ခန်းစာ များ လေ့လာ ခြင်းတွင် အထောက်အပံ့ကောင်းတွေ ပေးနိုင်မည် ဖြစ် ကြောင်းAI အဖွဲ့ ကြီးက ဆိုသည်။ ထို့အပြင် ၎င်းသည် တရုတ်နိုင်ငံ တစ်ဝန်းလုံးရှိ ကလေးငယ်များရာပေါင်းများစွာနှင့် ဆက်သွယ်တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)