Connect with us

Media

မြန်မာ့ရိုးရာ အတာသင်္ကြန်၏ ချိုမြိန်ဖွယ် အထင်ကရအမှတ်သင်္ကေတ – မုန့်လုံး‌ရေပေါ်

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရေပေါ်ပေါလောပေါ်နေသော ကောက်ညှင်းလုံးလေးများ ဒေသအခေါ် မုန့်လုံးရေပေါ်လေးများသည် ရှေးယခင်ကတည်းက တည်ရှိသော ရိုးရာဓလေ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၌ အစဉ်အလာမပြတ် ပါဝင်လျက်ရှိသည်။ 

မုန့်လုံးရေပေါ်ကို မိသားစုများက လှူဒါန်းရန်၊ အတူတကွစားသုံးရန်နှင့် အိမ်နီးချင်းများကို ဝေမျှရန် နေအိမ်၌ပင် ပြုလုပ်ကြသည်။  ရိုးရှင်းလှသော သွားရည်စာထက် ကျော်လွန်သော မုန့်လုံးရေပေါ်သည် ယဉ်ကျေးမှုနှင့် လူမှုတန်ဖိုးများကိုလည်း ကိုယ်စားပြုနေပေသည်။

 မုန့်လုံးပေါ်ကို တစ်ဦးတစ်ယောက်တည်းလုပ်သည်က ရှားလှပြီး မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် လူအများဖြင့်ဝိုင်းဝန်းအတူတကွ ပြင်ဆင်လုပ်ကြရခြင်းကြောင့် ပွဲတော်ကာလအတွင်း အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ခိုင်မာအားကောင်းစေသလို စည်းလုံးညီညွတ်မှု၏ အမှတ်သင်္ကေတလည်း ဖြစ်သည်။ မုန့်လုံးရေပေါ်သည် အရသာအားဖြင့်သာ လူသိများခြင်းမဟုတ်ဘဲ အတူတကွ စုပေါင်းလုပ်ဆောင်ခြင်း အခိုက်အတန့်များကို ဖန်တီးပေးသလို ပါဝင်ကြသူအားလုံးအတွက်လည်း အဓိပ္ပါယ်ပြည့်ဝသော ပွဲတော်တစ်ခုအဖြစ်လည်း ဆောင်ကြဉ်းပေးလျက်ရှိပေသည်။  (Xinhua)