Connect with us

Videos

ကမ္ဘာ့အကြီးဆုံးရေပေါ်နေရောင်ခြည်စွမ်းအင်သုံးဆိုလာဓါတ်အားပေးစက်ရုံ

အန်းဟွေး၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေကန်ကြီးတွင် စွမ်းအင်ပေါင်း ၄ဝ မက်ဂါဝပ် ထုတ်လုပ်ရာ ကမ္ဘာ့အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံးဓါတ်အားပေးစက်ရုံတည်ရှိသည်။ ဘောလုံးကွင်း ၁၂၁ ကွင်းစာ အကျယ်အဝန်းရှိသည့် အဆိုပါ ဆိုလာဓါတ်အားပေးစက်ရုံတွင် ကန်ရေပြင်တွင် အကျယ်အဝန်း ၈၆ ဟက်တာ ကို လွှမ်းခြုံတည်ဆောက်ထားသည့် ဆိုလာပြားပေါင်း ၁၆၅ဝဝဝ တပ်ဆင်ထား သည်။ ဆိုလာပြားများကို ထိုသို့ တပ်ဆင်ထားခြင်းကြောင့် မြေဧက များစွာ သက်သာစေသည်။ ထိုဒေသမှာ ယခင်က နှစ်စဉ် ကျောက်မီးသွေး တန်ချိန်ပေါင်း ၁၆,၄ဝဝ တန် အသုံးပြုကာ လျှပ်စစ်ဓါတ်အားထုတ်ယူခြင်းဖြစ်ပြီး ယခု ဆိုလာစွမ်းအင်ဖြင့် ဓါတ်အားပေးနိုင်ပါက ကုန်ကျစရိတ်ပိုမိုသက်သာသည်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှု ၁၂၃ဝ တန် နှင့် ကာဗွန်ထုတ်လွှတ်မှု ၄၉ဝဝဝ တန်အထိ လျှော့ချပေးနိုင်သည်။ နေရောင်ခြည်နှင့် လေထုမှ တစ်ဆင့် စွမ်းအင်ထုတ်ယူသုံးစွဲသည့် နည်းပညာမှာ တရုတ်နိုင်ငံတွင် အလွန်ခေတ်စားလျက်ရှိသည်။ ၂ဝ၁၆ ခုနှစ် မှ ၂ဝ၂ဝ ခုနှစ်များအတွင်း တရုတ်နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲ နိုင်သည့် စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန်ဒေါ်လာ ၃၆၈ ဘီလီယံ ရှိမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.