Connect with us

Politics, Law & Military

BRICS ဘက်စုံမိတ်ဘက်ဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး ပိုမိုတောက်ပကျယ်ပြန့်သည် အနာဂတ် ကို တက်လှမ်းမည်

BRICS အဖွဲ့ဝင် နိုင်ငံ များမှ ခေါင်းဆောင်များ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူး နေစဉ်(ဆင်ဟွာ)

ရှမိန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၄ ရက်နေ့၌ ရှမိန်မြို့တွင် ကျင်းပ သည့် (၉) ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တွင် သဘာပတိ အဖြင့် ဆောင်ရွက်ခဲ့ပြီး “BRICS ဘက်စုံမိတ်ဘက်ဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး ပိုမိုတောက်ပကျယ်ပြန့်သည် အနာဂတ် ကို တက်လှမ်းမည်” ဟူသော ခေါင်းစဉ် ဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။

အစည်းအဝေး သို့ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ တောင်အာဖရိက နိုင်ငံ သမ္မတ ဂျက်ကော့ ဇူးမား ၊ ဘရာဇီးလ် နိုင်ငံ သမ္မတ မိုက်ကယ်တီမာ ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ တို့ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး မစတင်မီ BRICS နိုင်ငံ ခေါင်းဆောင် များအား တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က (၉) ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တွင် မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

အစည်းအဝေး တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS ပူးပေါင်းဆောင်ရွက်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာခြင်း ၏ အဓိက အကြောင်းအရင်းမှာ အပြန်အလှန် လေးစားမှု နှင့် ကူညီမှု ထားရှိခြင်းကြောင့် ဖြစ်ကြောင်း ၊ အတူတကွ လက်တွဲပြီး မိမိ နိုင်ငံ နှင့် သင့်လျော်သော ဖွံ့ဖြိုးရေး လမ်းစဉ် ကို လျှောက်လှမ်း နိုင်ခဲ့ကြောင်း ၊ ပွင့်လင်းမှု ၊ ခွင့်လွတ်မှု နှင့် အတူတကွအကျိုးဖြစ်ထွန်းမှု ဟူသော စိတ်သဘောထားကို ကိုင်စွဲပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်နိုင်ခဲ့ကြောင်း ၊ နိုင်ငံတကာတွင် တရားမျှတရေး ကို အမြဲ ဦးဆောင်ပြီး အသစ်ပေါ်ထွန်းလာသည့် ဈေးကွက် နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များကို လက်တွဲကာ ကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ခု ကို တည်ဆောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန် က ကမ္ဘာ့အခြေအနေရှုပ်ထွေးစွာ ပြောင်းလဲနေမှု အောက်တွင် BRICS ၏ ပူးပေါင်းဆောင်ရွက်မှု သည် လွန်စွာအရေးပါကြောင်း ကို ပိုမို ပေါ်လွင် လာစေခဲ့ပြီး BRICS နိုင်ငံများအနေဖြင့် ဆက်လက်၍ ဘက်စုံမိတ်ဘက်ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး BRICS ၏ ဒုတိယ ရွှေရောင် အနာဂတ် ၁၀ နှစ်ကို တက်လှမ်းသွားရမည် ဖြစ်ကြောင်း အထူးပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် က စီးပွားရေး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ကို အလေးထား ဆောင်ရွက်ခြင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှု တိုးမြှင့်ရေး ကို အလေးထား ဆောင်ရွက်ခြင်း ၊ နိုင်ငံတကာ လုပ်ငန်းစဉ်သတ်မှတ်ချက်များ ကို ပိုမိုမျှတပြီး မှန်ကန်သည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်ခြင်း ၊ လူမှုရေး နှင့် အရပ်ဘက် နှီးနှောဖလှယ်မှု ကို အလေးထား ဆောင်ရွက်ခြင်း စသည် တို့ဖြင့် အတူတကွ လက်တွဲကြိုးပမ်းကာ ရွှေရောင်အနာဂတ် ၁၀ နှစ် တံခါးကြီးအား ဖွင့်လှစ် ကာ BRICS အဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံရှိ ပြည်သူလူထု တို့ကို ပူးပေါင်းဆောင်ရွက်မှု ဖြင့် အကျိုးဖြစ်ထွန်းကြ စေရန် ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်အာဖရိက နိုင်ငံ သမ္မတ ဂျက်ကော့ ဇူးမား က အခြေအနေ အသစ်များ အောက်တွင် BRICS အနေဖြင့် ဘက်စုံမဟာဗျူဟာ မိတ်ဘက်ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ လာမည့်နှစ်တွင် တောင်အာဖရိက နိုင်ငံ အနေဖြင့် BRICS ဥက္ကဋ္ဌ နိုင်ငံ အနေဖြင့် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပြီး လာမည့် အစည်းအဝေး ကို အကောင်းဖြစ်အောင် ဆောင်ရွက်ကာ BRICS ပူးပေါင်းဆောင်ရွက်မှု ၏ စုစည်းမှု အားအင် နှင့် သြဇာသက်ရောက်မှု ကို မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘရာဇီးလ် နိုင်ငံ သမ္မတ မိုက်ကယ်တီမာ က BRICS အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် BRICSပူးပေါင်းဆောင်ရွက်မှု တွင် မဟာဗျူဟာ စိတ်ဝင်စားမှု ကို ပိုမိုမြှင့်တင်သွား ရမည် ဖြစ်ကြောင်း ၊ ဘက်စုံမိတ်ဘက်ဆက်ဆံရေး ကို ခိုင်မြဲအောင် ဆောင်ရွက်ခြင်းဖြင့် BRICS အဖွဲ့ဝင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အားအင် ဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံအုပ်ချုပ်မှု ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကာ ကောင်းမွန်သည့် ပြင်ပ ပတ်ဝန်းကျင် တစ်ခု ဖြစ်တည်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က BRICS အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ကဏ္ဍစုံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို ကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းဖြင့် BRICS မိတ်ဆွေဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ပွင့်လင်းမြင်သာမှု ရှိသော ကမ္ဘာ့စီးပွားရေး ပုံစံ ကို တည်ဆောက်သွားရမည် ဖြစ်ပြီး ကာကွယ်ရေးမူဝါဒ ကို ဆန့်ကျင်ကြောင်း ၊ ဆွေးနွေးညှိနှိုင်းမှု ကို တိုးမြှင့်ခြင်းဖြင့် နိုင်ငံတကာ နှင့် ဒေသတွင်း အရေးကြီး ကိစ္စရပ်များတွင် အပြုသဘောဆောင်သည့် သက်ရောက်မှု ဖြစ်ပေါ်စေကာ ကမ္ဘာ့တည်ငြိမ်းအေးချမ်းရေး ကို အတူတကွ ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ က BRICS အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် စီပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ များကို ပိုမို ဖော်ထုတ်ဆောင်ရွက်ရမည် ဖြစ်ပြီး ပိုမိုများပြားသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဘက်ပေါင်းစုံ ကုန်သွယ်ရေး အဖွဲ့အစည်း ကို ထိန်းသိမ်းပြီး လူမှုရေး နှီးနှောဖလှယ်မှု ကို တွန်းအားပေးဆောင်ရွက်ကာ BRICS ပူပေါင်းဆောင်ရွက်မှု အား ပြည်သူလူထု နှလုံးသား အထိ ဝင်ရောက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။BRICS အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များ မှ ယခု ကျင်းပခဲ့သည့် ရှမိန် BRICS အစည်းအဝေး ကို ချီးမွမ်းဂုဏ်ပြု ခဲ့ကြပြီး အစည်းအဝေး အတွင်း ရရှိခဲ့သည့် သဘောတူညီချက်များ ကို လက်တွေ့အကောင်အထည် ဖော်ရန် လက်ခံခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117