Connect with us

Politics, Law & Military

ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်ရန် နှင့် ကမ္ဘာ့စီးပွားရေးအုပ်ချုပ်မှုပုံစံကို ပြုပြင်ပြောင်းလဲရန် ရှီတိုက်တွန်း

၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်နိုင်ငံများသည် ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းအား မြှင့်တင်ဆောင်ရွက်ရန် စက်တင်ဘာ ၄ ရက် က ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်မြို့တွင် ကျင်းပသည့် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ယင်းသို့ မှတ်ချက်စကားပြောကြားခဲ့ခြင်းဖြစ်သည်။၎င်းက BRICS အဖွဲ့ဝင်နိုင်ငံများသည် အားလုံးအတွက် ပွင့်လင်းသော၊ တန်းတူညီမျှပါဝင်နိုင်သော၊ ဟန်ချက်ညီသော၊ အကျိုးအမြတ်ဖြစ်ထွန်းစေသော ကမ္ဘာ့လုံးဆိုင်ရာ စီးပွားစနစ်ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရှီက အဖွဲ့အစည်းအနေဖြင့် ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးပုံစံကိုတည်ဆောက်ရာတွင် ကူညီပြီး နိုင်ငံပေါင်းစုံကုန်သွယ်ရေးယန္တရားကို ထောက်ပံ့ကာ ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်သည့်ဘက်တွင် ရပ်တည်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ကမ္ဘာ့မြောက်ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ဖြေရှင်းနိုင်ရန် အတွက် အရှိန်အဟုန်သစ်တစ်ခုကို ဖန်တီးနိုင်ရန် ထွန်းသစ် ဈေးကွက်စီးပွားရေးစနစ် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ အသံ နှင့် ကိုယ်စားပြုမှု ကို တိုးတက်လာစေရန် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုပုံစံကို ပြုပြင်ပြောင်းလဲပြီး ကမ္ဘာ့စီးပွားရေးကြီးပွားတိုးတက်မှုကို အရှိန်မြှင့်တင်သင့်ကြောင်း ရှီကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117