Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Andal ခရိုင်တွင် တိုက်ခိုက်မှု ဖြစ်ပွား သဖြင့် ၁၅ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံ ရှိ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ် Andal ခရိုင်ရှိ အဆောက်အဦ တစ်ခု သည် အောက်တိုဘာ ၁၇ ရက်နေ့၌ တိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြား ချက်အရ သိရှိခဲ့ရသည်။

Ghazni ပြည်နယ် ရဲတပ်ဖွဲ့ ဌာနမှူး မိုဟာမက် ဇမ်မန် က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန် တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် များသည် ပေါက်ကွဲစေသည့် ပစ္စည်းများ အပြည့်တင်ဆောင်ထားသည့် ကားကို မောင်းနှင်၍ Andal ခရိုင် အလယ်ဗဟိုရှိ အဆောက်အဦ သို့ရောက်ရှိချိန်တွင် ဖောက်ခွဲခဲ့ကြောင်း ၊ ထို့နောက် ဆယ်နှင့်ချီသော လက်နက်ကိုင်တပ်ဖွဲ့ဝင် များသည် အဆောက်အဦ နှင့် အနီးပတ်ဝန်းကျင်ကို စတင် တိုက်ခိုက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ နှင့် နာရီပေါင်း အနည်းငယ် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ၊ သေဆုံးခဲ့သည့် ၁၅ ဦးတွင် ရဲတပ်ဖွဲ့ဝင် နှင့် သတင်းအချက်အလက် ပေးပို့သူများ ပါဝင်ခဲ့ပြီး အရပ်သား အချို့မှာလည်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက်တွင် အာဖဂန်နစ္စတန် တာလီဘန် လက်နက်ကိုင် အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့ တစ်နေ့တည်းတွင် တာလီဘန် လက်နက်ကိုင် အဖွဲ့ က Paktia ပြည်နယ်ရှိ ရဲတပ်ဖွဲ့ လေ့ကျင့်ရေး စင်တာ ကို တိုက်ခိုက်ခဲ့ရာ လူပေါင်း ၅၀ ကျော် သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့သည်။

ယခုနှစ် ဧပြီ ၂၈ ရက်နေ့ မှ စတင်၍ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့သည် နွေဦးတိုက်ခိုက်မှု အသစ် စတင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံ အနှံရှိ အစိုးရ ဌာန များကို တိုက်ခိုက်မှုများ အဆက်မပြတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.