Connect with us

Africa & Middle East

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတစ်ဆင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ တရုတ် ထောက်ပံ့

အာဖဂန်နစ္စတန်တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ကူညီထောက်ပံ့ပေးမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Program) မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုးရှိသော အရေးပေါ် စားနပ်ရိက္ခာ အကူအညီများအား အာဖဂန်နစ္စတန်သို့ တရုတ်နိုင်ငံက ထောက်ပံ့ပေးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ် Yao Jing က အောက်တိုဘာလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ကူညီထောက်ပံ့ရေး စီမံကိန်း အသိပေးခြင်း အခမ်းအနားအား အောက်တိုဘာလ ၁၆ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တွင် ပြုလုပ်ခဲ့ပြီး Yao နှင့် WFP လက်ထောက် ဋ္ဌာနေ ကိုယ်စားလှယ် Paul Howe တို့ တက်ရောက်ခဲ့သည်။

တရုတ် သံအမတ်ကြီးက ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားရာတွင် ဆောင်းရာသီ ရောက်ခါနီးသဖြင့် နိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အာဖဂန်နစ္စတန်နှင့် ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းများ ဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် WFP နှစ်အတူတကွ အာဖဂန် ပြည်သူများ စားနပ်ရိက္ခာ ပြဿနာများ ကူညီဖြေရှင်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

အာဖဂန်နစ္စတန်တွင် တရုတ်က WFP နှင့် ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း တရုတ် သံတမန်အရ သိရသည်။

WFP လက်ထောက် ဋ္ဌာန ကိုယ်စားလှယ် Paul Howe ကလည်း “အာဖဂန်ရှိ WFP အဖွဲ့နှင့် တရုတ် အစိုးရတို့ အကြား အကျိုးရှိသော မိတ်ဖက် ဆောင်ရွက်မှုအသစ်အတွက် ဖောင်ဒေးရှင်းအဖြစ် ယခုလို တိုးတက်မှုအား မြင်တွေ့ရခဲ့ရသလို ဒါက ငတ်မွတ်ခေါင်းပါးမှုဘေးမှ အာဖဂန်နစ္စတန် လွတ်မြောက်ရေး ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်အတွက် အကူအညီ ဖြစ်စေပါတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.